ဘာဝစက်မှ ၈ဟုနှင့်၉ကိတ်

  • ၈ဟု ၁တန့်(၉ကိတ် ၇တန့်)
ခန္ဓာကိုယ်နာကျင်ကိုက်ခဲမည် အငြင်းသန်မည် ဦးနှောက်ရောဂါခံစားရမည် ပညာလွန်၍ ကောက်ကွေ့တတ်သည်ဇနီးသည်မှာ ဦးခေါင်းကိုက်တတ်သည် ဇနီးအတွက်ငွေကုန်မည် အကျိုးအမြတ်အမြဲရအောင်စွမ်းဆောင်နိုင်မည်

  • ၈ဟု ၂တန့်(၉ကိတ် ၈တန့်)
အပြောအဆို မနူးမညံ့ဖြစ်မည် လှည့်ပတ်သွားလာနေတတ်သည် ဖခင်အမွေအနှစ်ဆုံးရှုံးရတတ်သည် လူလိမ်ခံရတတ်သည် တိရစ္ဆာန်များကို ချစ်မည် အစာဟောင်းအိမ်၌ အနာရတတ်သည်
  • ၈ဟု ၃တန့်(၉ကိတ် ၉တန့်)
ရင်သတ်ရှုမောဖွယ် အောင်မြင်လိမ့်မည် ရန်မှန်သမျှအကြောက်မရွံ့မရှိ ရင်ဆိုင်နိုင်မည် လက်မောင်းတွင်အနာရတတ်သည် နိုင်ငံရပ်ခြားနှင့်လွန်စွာ အကျိုးပေးမည် ထီပေါက်တတ်သည် လှူဒါန်းနိုင်မည်
  • ၈ဟု ၄တန့်(၉ကိတ် ၁၀တန့်)
ဇာတိမှစွန့်ခွာ၍အဝေး၌နေရမည် မိခင်ကျမ်းမာရေး ညံ့ဖျင်းမည် ရတက်မအေးဖြစ်မည် ယဉ်ကားအပျက်အစီးရှိမည် နာကျင်ကိုက်ခဲနေမည်
  • ၈ဟု ၅တန့်(၉ကိတ် ၁၁တန့်)
နောက်ကျောတက်ဝေဒနာခံစားရတတ်သည် သားသမီးမွေးဖွားရခက်မည် သားပျက်သားလျှောဖြစ်တတ်သည် အဆင့်မြင့်ပညာများတတ်မြောက်မည် ချောမောလှပမည် ရုတ်တရက်စီးပွါးအစုအပြုံရတတ်သည်
  • ၈ဟု ၆တန့်(၉ကိတ် ၁၂တန့်)
ဒုစရိုက်သမားများနှင့် ပူပေါင်းတတ်သည် ၀မ်းဗိုက်တွင်အနာရတတ်သည် မိခင်အမျိုးများနှင့်ပတ်သတ်၍ သုခမရတတ်ပေ ခြေထောက်နှင့်မျက်စိများအနာရတတ်သည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုမည် လွတ်မြောက်တတ်သည်
  • ၈ဟု ရတန့်(၉ကိတ် ၁တန့်)
မိမိနှင့်အမျိုးမတူသူနှင့်အိမ်ထောင်ကျတတ်သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အစနှေးတတ်သည် အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည် တင်းတိမ်ရောင့်ရဲမှုမရှိ၍ ဆင်းရဲရမည် ဦးခေါင်းနှင့်ပတ်သတ်သောအနာရမည်
  • ၈ဟု ၈တန့်(၉ကိတ် ၂တန့်)
ဆီးနှင့်ပတ်သတ်သောရောဂါရတတ်သည် အမွေဆုံးတတ်သည် မတရားသောနည်းဖြင့်စီးပွါးရှာရတတ်သည် မင်းပြစ်သင့်တတ်သည် ပါးစပ်ခံတွင်းနှင့်ပတ်သတ်သော အနာရမည်
  • ၈ဟု ၉တန့်(၉ကိတ် ၃တန့်)
ဘာသာရေး၌ ယုံကြည်မှု နည်းပါးတတ်သည် သားချင်းအကျိုးပေးညံ့မည် ဖခင်စီးပွါးပျက်တတ်သည် စည်းစိမ်ဂုဏ်သိက္ခာရှိမည် ဆွေမျိုးရင်းချာဆုံးရှုံးရတတ်သည် စွမ်းအားရှိသော်လည်းပူပန်နေရမည်
  • ၈ဟု ၁၀တန့်(၉ကိတ် ၄တန့်)
ယဉ်ကားအန္တရာယ်ကြုံတတ်သည် မူးယစ်ဆေးသုံးတတ်သည် ငယ်ရွယ်သူများကို ဖျက်စီးတတ်သည် ပတ်ဝန်းကျင်နှင့်အမြဲရန်ဖြစ်နေရတတ်သည် မိသားစုကင်းမဲ့တတ်သည်
  • ၈ဟု ၁၁တန့်(၉ကိတ် ၅တန့်)
နည်းမျိုးစုံနှင့်အမြတ်အစွန်းရတတ်သည် နားနှင့်ပတ်သတ်သောရောဂါ သားသမီးဆုံးခြင်းတို့လည်းကြုံတတ်သည် အစာအိမ်အနာရတတ်သည် ထီပေါက်တတ်သည် သားသမီးနည်းမည်
  • ၈ဟု ၁၂တန့်(၉ကိတ် ၆တန့်)
မျက်စိရောဂါ ခြေထောက်ဖ၀ါးရောဂါများကြုံတတ်သည် လက်ဝဲဖက်မျက်စိခြေထောက်များတွင် အနာရတတ်သည် ခရီးသွားစဉ်အန္တရယ်တွေ့တတ်သည် မိခင်ဖက်မှအမျိုးများနှင့်မတည့်ပေ သွားနှင့်နှုတ်ခမ်းရောဂါခံစားရတတ်သည်



No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။