- နက္ခတ်ဗေဒင်ပေါ်ပေါက်လာပုံ
နက္ခတ်ဗေဒင်ပညာ နဲ့ ဗေဒင်ဆရာ
- နက္ခတ်ဗေဒင်ပညာ Astrology နက္ခတ်ဗေဒင်ပညာ Astrologyဟာ နက္ခတ်ဗေဒပထ၀ီ Astronomical Geography အပေါ်မှာ အခြေတည်ပြီး နက္ခတ္တပညာ Astronomy ကပန့်ပိုးပြီး ဝေဒါမယပညာ Prediction အဖြစ်ပေါ်ပေါက် ခဲ့ပါတယ်တဲ့
- နက္ခတ္တပညာ Astronomyဟာ အာကာသမှာ ရွေလျားသွားလာနေတဲ့ နေThe Sun လ The Moon ဂြိုလ်Planets တို့ရဲ့သွားလာမှုကိုလေ့လာတဲ့ ပညာဖြစ်ပြီး နက္ခတ်ဗေဒင်ပညာ Astrology က သူအပေါ်မှာ အခြေခံတီထွင်ထားတဲ့ အဟောပညာရပ်ဖြစ်ပါတယ်
- နက္ခတ္တပညာ Astronomy ကိုတီထွင်ခဲ့သူများကို နက္ခတ်ပါရဂူ Astronomer များလို့ခေါ်ဆိုပြီး အတွက်သမား သင်္ချာပညာရှင်များဖြစ်ကြပါတယ် နက္ခတ်ဗေဒင်ပညာ Astrology ကိုတီထွင်ခဲ့သူများကို နက္ခတ်ဗေဒပါရဂူ Astrologian များလို့ ခေါ်ပြီး အဟောသမား အတွေးအခေါ်ပညာရှင်များဖြစ်ကြပါတယ်
- ဗေဒင်ဆရာ Astrologer ဗေဒင်ဆရာဆိုတာကလည်း အမျိုးမျိုးရှိပါတယ် နက္ခတ်ဗေဒသုတေသီ Astrologist တွေ ကတဆင့်ဖြစ်လာတဲ့ နက္ခတ်ပညာနဲ့အသက်မွေးတဲ့ ဗေဒင်ဆရာ Astrologer တွေရှိသလို နည်းမျိုးစုံနဲ့ အဟောထုတ်နိုင်တဲ့ အနာဂတ်ကိုဟောပြောနိုင်သူ Fortune Teller တွေ မတွက်ရဘဲ သိနိုင်တဲ့ အကြားအမြင်ရသူ Prophet များလည်းရှိကြပါတယ်
- နေစကြ၀ဠာ Solar System မှာ တခြားဂြိုလ်တွေမှာတော့ လူမနေပဲ ကမ္ဘာမှာသာလူနေတော့ ဘာများထူးခြားလဲ စူးစမ်းရင်းက ဆက်စပ်တွေ့တာကကမ္ဘာ နဲ့လူက တူနေပါတယ်တဲ့
- ကမ္ဘာ့အပေါ်ယံလွှာမှာ ရေ ၈၀% ပါဝင်သလိုလူ့ခန္ဓာမှာ ရေ ၈၀%ပါပါတယ်တဲ့
- ကမ္ဘာမှာ ကြေးနီရှိသလို လူဆံပင်မှာကကြေးနီဓာတ်အများဆုံးပါဝင်နေတယ်တဲ့
- ကမ္ဘာမှာ ငွေရှိသလို လူ့အရိုးမှာကငွေဓာတ်အများဆုံးပါဝင်နေတယ်တဲ့
- ကမ္ဘာမှာ ရွှေရှိသလို လူ့သွေးမှာကရွှေဓာတ်အများဆုံးပါဝင်နေတယ်တဲ့
- ကမ္ဘာမှာ ခဲရှိသလို လူ့သလိပ်မှာကခဲဓာတ်အများဆုံးပါဝင်နေတယ်တဲ့
- လူ့အသားရောင်ဟာ တကယ်တော့ မြေကြီးအရောင်ပါပဲ ၀ါကြံ့ကြံ့ပဲမဟုတ်လားဗျာ
ကမ္ဘာနဲ့လူ့ ဆက်စပ်ကြပြီလို့ ဇွတ်ယူဆကြစို့ဗျာ (ဒါမှရှေ့ဆက်လို့ရမှကိုး)
နေနဲ့ လတို့ကို ဂြိုလ်စာရင်းထဲထည့်ပြီး လွမ်းမိုးပုံလေး စရအောင်
- ဒိဝါကရ(နေ့ကိုဖြစ်စေသူ)နေမင်းက တနေ့တာ Rotation Day မှာ အရှေ့ကအနောက် ကိုရွေ့တာတော့ ကလေးကစ သိပါတယ် တနှစ်တာ Rounding Day မှာ တောင်မြောက်လဲယိမ်းသေးတယ်ခင်ဗျ ဒါကတော့ ကမ္ဘာကနေ လ လိုက်ချီပြီးကြည့်မှ သတိပြုမိတာမျိုးလေ
- Aprilလ အတာသင်္ကြန်ကပဲစကြပါစို့ မြန်မာတို့ရဲ့အတာသင်္ကြန်ကျတဲ့ အချိန်လေးဟာ နေမင်းဟာ အီကွေတာ Mid-heaven ပေါ် တည့်တည့် ရောက်နေချိန်ပေါ့ အီကွေတာမှာသာ သစ်ငုတ်လေးရိုက်ယင် သင်္ကြန်အကျနေ့ မွန်းတည့်မှာ အရိပ်မထွက်ဘူးတဲ့ ဒီလိုနဲ့ ရက်တွေကြာလာတော့ အရိပ်လေးက တောင်ဖက်ယိမ်းလာတယ် နေမင်းက မြောက်ကို ခရီးထွက်နေလို့ခင်ဗျ
- ဒီလိုနဲ့ July ရောက်တော့ နေမင်းက North Latitude 23.5’ မြောက်ယဉ်စွန်းတန်းပေါ်တည့်တည့်ရောက်နေပြီခင်ဗျ သစ်ငုတ်လေးအရိပ်မထွက်အောင် သူ့ကိုမြောက်ယဉ်စွန်းတန်းပေါ်တည့်တည့် ထားရတော့မှာပေါ့ ကမ္ဘာ့မြောက်ခြမ်းဒေသတွေလည်း ပူ့ပြီး ရေခဲတွေအရည်ပျော် ရေကြီး အပူကြောင့်လေဖိအား နည်းရပ်ဝန်းဖြစ် တောင်ဘက်က ပင်လယ်လေတွေတိုက် မိုးများလည်းရွာလို့ပေါ့ နောက်တော့ သူပျင်းသွားပြီး အီကွေတာကိုပြန်လာတယ်
- October မှာတော့ အီကွေတာပေါ် ပြန်ရောက်ပြီ ရပ်နေဘူးဗျာ တောင်ဘက်ကိုဆက်ဆင်းတယ်ဗျာ January မှာတော့ South Latitude 23.5’တောင်ယဉ်စွန်းတန်းပေါ်တည့်တည့်ရောက်တယ် ကမ္ဘာ့တောင်ခြမ်းပူလို့ မြောက်ခြမ်းမှာတော့ ရေခဲနေပြီဗျာ တောင်ဘက် လေဖိအားနည်းရပ်ဝန်းကို မြောက်ပြန်လေတွေတိုက်လို့ ချမ်းလှပြီပေါ့ နောက်တော့ ပြန်လှည့်လာတယ်ဗျာ
- April 13/14 ဆို အီကွေတာပေါ် ပြန်ရောက်တယ် ဒီလိုသွားလို့ ရာသီဥတုတွေဖြစ်စေပြီး ကမ္ဘာကိုလွှမ်းမိုးပါတယ် လမင်းစန္ဒာ
- ဗုဒ္ဓဖြစ်စဉ်တွေဟာလည်း စန်းအားကောင်းတဲ့ လပြည့်ချိန်တွေမှာ ဖြစ်ပေါ်ခဲ့ပါတယ် လပြည့်ချိန်မှာ နေပါမြင်နေရတဲ့ အဘိဓမ္မာတရားဟောချိန် လေးက စန်းအားကောင်းတဲ့ လပြည့်ချိန်မှာပေါ့ဗျာ
- ၁ လမှာ ၂၉ ရက်ခွဲပဲရှိတာကိုး
နေကိုကြည့်ရေတဲ့နှစ် သူရိယရသံဝစ္ဆဘာဂဏ Solar Year က ၃၆၅ လောက်ရှိတော့ ၁၁ရက်လောက်ကွာနေပြီ ၃ နှစ် ဆို ၁ လလောက်ကွာပြီ ဒါကိုညှိဖို့ ၃ နှစ်တကြိမ် ၀ါဆို ၂ ခါလုပ်ရတယ် ၀ါဆိုကိုမှရွေးတာက မြန်မာက မြောက်ယဉ်စွန်းတန်းပေါ်မှာမို့ ၀ါဆိုမှာနေရောက်ချိန် (အသွားအပြန်နဲ့မို့) ကြာတယ် တခြားဂြိုလ်လေးတွေရော စစ်ကြစို့
- မြေပေါ်မှာ မျဉ်းမတ်ထောင်ပြီး နိမ့်ရာက မြင့်ရာစဉ်မယ်ဗျာ၂လာ တနင်္လာဂြိုလ် Moon ၄ဟူး ဗုဒ္ဓဟူးဂြိုလ် Mercury၆ကြာ သောကြာဂြိုလ် Venus၁နွေ တနင်္ဂနွေဂြိုလ် Sun၃ဂါ အင်္ဂါဂြိုလ် Mars၅တေး ကြာသာပတေးဂြိုလ် Jupiter၀နေ စနေဂြိုလ် Saturn ဆိုပြီးအစဉ်လိုက်ရှိတယ် လူ့အသက်ကို ၈၀ ကျော်ထားပြီး ၇ ပိုင်းထားမယ်ဗျာ ၁၂ နှစ်စီပေါ့
- မွေးစ ကနေ ၁၂ နှစ် (၂လာ)-နှစ်လိုဖွယ် ရယ်ရွှင်မြူး နုနယ်တဲ့ လစန္ဒာလိုပေါ့
- ၁၃နှစ် ကနေ ၂၄ နှစ် (၄ဟူး)-ဝေါဟာရစကားကြွယ် လည်ပတ်မယ် ဒီအရွယ်
- ၂၅နှစ် ကနေ ၃၆ နှစ် (၆ကြာ)-၀တ်စား မူယာကြွယ် လောဘရယ် စုဆောင်း၃၇နှစ် ကနေ
- ၄၈ နှစ် (၁နွေ)-ဖခင်လို လူကြီးလုပ် ထွေရာရာ စီမံ မနားတမ်းကြံ
- ၄၉နှစ် ကနေ ၆၀ နှစ် (၃ဂါ)-လောကလှိုင်းထန် ဒေါသမာန်လည်းကြီးလှပြီ
- ၆၁နှစ် ကနေ ၇၂ နှစ် (၅တေး)-စာပေရေးရာထွေရာဝါဒ ထုံးတမ်းစဉ်လာ မညင်းသာ
- ၇၃နှစ် ကနေ ၈၄ နှစ် (၀နေ)-အားအင်လည်းကုန် စိတ်လည်းပမ်း သည်းခံတတ်ခဲ့ပြီပေါ့
- မွေးစကနေ ၁ နှစ် ၈ လ (၂လာ)-လူတကာက ချစ်တယ် စန်းပွင့်တယ်ပေါ့
- ၁ နှစ် ၉ လ ကနေ ၃ နှစ် ၅ လ (၄ဟူး)-စကားစပြောမယ်
- ၃ နှစ် ၆ လ ကနေ ၅ နှစ် ၂ လ (၆ကြာ)-တီတီတာတာ မူယာမာယာ
- ၅ နှစ် ၃ လ ကနေ ၆ နှစ် ၁၀ လ (၁နွေ)-မိဘနဲ့ခွဲ
- ၆ နှစ် ၁၁ လ ကနေ ၈ နှစ် ရ လ (၃ဂါ)-ရန်ဖြစ်မယ် အနိုင်ကျင့်မယ်
- ၈ နှစ် ၈ လ ကနေ ၁၀ နှစ် ၂ လ (၅တေး)-ဥာဏ်ထက်နေပြီ
- ၁၀ နှစ် ၃ လ ကနေ ၁၂ နှစ် (၀နေ)-စာနာနေတတ်ပြီ
4 comments:
ဒီပို့ လေးယူသွားခွင့်ပေးပါ http://mmastrologist.blogspot.com/ ကို လင့်ခ် ပေးထားမှာပါ
စာတွေ ဖတ်လို့မရပါ။ ဘာfontအမျိုးအစားနဲ့ ရေးပြီးထင်ထားပါသလဲ သိပါရစေ။
zawgyi2008 ဒေါင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်ခင်ဗျ။ မူလဆိုဒ်လင့်အရ http://zawgyi.googlecode.com/files/ZawgyiOne2008.ttf ဒီမှာဒေါင်းယူနိုင်ပါတယ်ခင်ဗျ။
ဗေဒင်ပေါ်ပေါက်လာတာနဲ့ပတ်သက်လို့..မေးပါရစေ..ဗေဒင်နဲ့ဝေဒ(veda)ဆက်စပ်မှူရှိတယ်လို့ပြောကြပါတယ်..ဂေါတမဘုရားမပွင့်မှီကတည်းကပေါ်ပေါက်ခဲ့တဲ့ဝေဒကျမ်းတွေကဆင်းသက်လာတယ်လို့ကြားဘူးလို့ပါ..သိသမျှကိုမျှဝေပေးပါ...ကျေးဇူးပါ..
Post a Comment
ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။