အရှေ့တိုင်းသုံး နိယာယနဂြိုဟ်နေ Program လေး

အရှေ့တိုင်းစနစ်အရ၊ မိမိဘယ်ရာသီဖွား၊ မိမိဇာတာတွင် ဂြိုဟ်များမည်သည့် ရာသီတွင်တည်သည်ကို သိလိုသူဝါသနာရှင်များအတွက်ရည်ရွယ်ပြီး၊ မြန်မာလို အလွယ်တကူနားလည်နိုင်ဖို့ ကျောင်းသင်ခန်းစာနဲ့မှီးပြီး အစမ်းသဘောမျိုး လက်ဆောင်ရေးပေးလိုက်ပါတယ်ခင်ဗျာ။



စင်္ကာပူမှ အစ်ကိုအံထူးနိုင်က SWISS EPHEMERIS   http://astrozet.net/Manual/swisseph.htm မှ dll များစုပြီး C# vs2008 windowform အဖြစ် လုပ်ပေးခဲ့ပါတယ်။ ဆရာနျူမာန်ထံမှ Astronomy အကြံဥာဏ်များတောင်းခံလျှက်ရှိပြီး၊ ဒေါက်တာစိုင်းရန်နိုင်ဦးထံမှ programming သင်ယူကာ ရေးသားလျှက်ရှိပါတယ်။ အားလုံးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ။

ကျောင်းစာလောက်သာရင်းနှီးခဲ့တဲ့ ကျွန်တော့်အတွက် ရေးသားရတာ အင်မတန်ခက်ခဲပါတယ်။ (တစ်ပတ်ခန့်) အချိန်တိုတွင်းမှာ ဘယ်ဂြိုဟ်ဘယ်ရာသီမှာရယ်တယ်သိနိုင်ဖို့ ရေးလက်စလေးကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ရည်ရွယ်ချက်ကတော့ ကျွန်တော်ဆက်ရေးမယ့် ရာသီစက်ဝန်း၊ ရာသီရုပ်တွေအကြောင်းမှာ စာဖတ်သူများအနေဖြင့် မိမိကဘယ်ရာသီဖွား၊ မိမိက ဘာလဂ်၊ မိမိစန်းရပ်ရာ ဇမနရာသီ၊ စန်းယှဉ်နက္ခတ်၊ လဂ်စီးနက္ခတ် တို့ကို အလွယ်တကူသိစေလိုလို့ဖြစ်ပါတယ်။  Zawgyi-One ရှိသူများအတွက် မြန်မာလိုအဆင်တပြေ မြင်ရအောင် ကြိုးစားရေးထားပါတယ်ခင်ဗျ။ အကြံဥာဏ်နှင့် ဖြည့်စွက်မှုများကို မျှော်လင့်လျှက်ရှိပါကြောင်းခင်ဗျာ။ Programmer တစ်ယောက်ရေးသားထားတာပါမဟုတ်ပါ။ ကျောင်းသားတစ်ယောက် လက်ကမြင်းထားခြင်းသာဖြစ်ပါသည်။ (အတိအကျမဟုတ်သော်လည်း အနီးစပ်ဆုံးဖြစ်အောင်တွက်ချက်ထားပါသည်။)

ဒေါင်းရန်အသင့်မဖြစ်သေးသဖြင့် တောင်းပန်ပါသည်။

အသုံးပြုပုံ





ဒေါင်းပြီး zip ဖြည်ပါက အထက်ပါအတိုင်း ရရှိလာပါမည်။ Calculator.exe ကို ဖွင့်လိုက်ပါက အောက်ပါအတိုင်း ပေါ်လာမည်ဖြစ်သည်။


 မိမိ၏ မွေးရက် မွေးလ၊ မွေးနှစ်။ မွေးချိန် နာရီ၊ မိနစ်၊ စက္ကန့်။ လောင်ဂျီကျုလတ္တီကျု ဒီဂရီမိနစ်များဖြည့်ရန်လိုသည်။ (မြန်မာနိုင်ငံတွင်း မွေးသူများအတွက် မြန်မာစံတော်ချိန် ၆:၃၀ ကို ဖြည့်ထားပြီးဖြစ်သည်။ ပြင်ရန်မလိုပါ။) လတ္တီကျု လောင်ဂျီကျုများကို ဤဘလော့ညာဘက်တွင် မြို့နာမည်အလိုက် ပူးတွဲဖေါ်ပြထားပါသည်။ Calculate နှိပ်လိုက်ယုံသာဖြစ်ပါသည်။


အထက်ပါအတိုင်း နိယာယန(အရှေ့တိုင်းစနစ်) အရ ဂြိုဟ်ရပ်ရာသီများ စီးနင်းရာနက္ခတ်များ အဖြေထုတ်ပေးပါလိမ့်မည်။


အထက်ပါ အဖြေကိုကြည့်၍ မိမိသည် မည်သည့်ရာသီဖွား၊ မည်သည့်လဂ်၊ မည်သည့်နက္ခတ်တွင် စန်းယှဉ်သည် အစရှိသဖြင့်သိရှိနိုင်မည်ဖြစ်သည်။ အဟောများကို လက်လှမ်းမီသမျှ တင်ဆက်ပေးသွားပါမည်။



အကယ်၍ Heliocantric ကိုရွေးလိုက်ပါက နေကိုဗဟိုထားသော စနစ်ပေါ်လာကာ၊ နေ၏တည်ရာများပျောက်သွားပါမည်။ နေမှကြည့်လျှင် ကမ္ဘာတည်မည့် ရာသီနက္ခတ်များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် Sideral Lahiri ကိုသာ အရှေ့တိုင်းက သုံးစွဲကြသည်။

လောလောဆယ် အမှန်တကယ်အသုံးချမည့်  Sideral Lahiri  အတွက်သာ အဓိကရည်ရွယ်ထားသဖြင့် အခြားအပိုင်းများတွင် အလွဲအမှားရှိနိုင်ပါသည်။
 
ဆက်လက်ရေးသားသွားပါဦးမည်။ အမှားတွေ့ပါကလည်းကောင်း၊ အကြံဥာဏ်ပေးလိုကလည်းကောင်း အချိန်မရွေး kopakhan@gmail.com သို့ဆက်သွယ်စေလိုပါသည်။




ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေခင်ဗျာ။
ကိုပခန်း
15.12.2010

4 comments:

နျူမာန် (မိုးတား) said...

ကိုပခန်းရေ..
ဇာတာဖွဲ့တဲ့ ပရိုဂရမ် တစ်ခုရေးတယ် ဆိုတာ- သင်္ချာ ဆိုင်ရာ တွက်ချက်မှုတွေ၊ နက္ခတ်ဗေဒင်ဆိုင်ရာ ဗဟုသုတ စုဆောင်းရမှု၊ ကွန်ပျူတာ ကျွမ်းကျင်မှု၊ အလုပ်တစ်ခုကို အလွယ်တကူ ဇွဲမလျှော့ပဲ.. မပြီးပြီးအောင် လုပ်မယ် ဆိုတဲ့ သံဓိဋ္ဌာန် ချနိုင်တဲ့ စိတ်ဓါတ်တွေကို သက်သေ ပြတဲ့ ပြယုဂ် ဖြစ်ပါတယ်။ ကိုပခန်းရဲ. အားထုတ်မှုတွေကို ဂုဏ်ပြု မှတ်တမ်း တင်လျှက်နဲ့ တစ်ဆက်တည်း- ဇာတာဖွဲ့ ပရိုဂရမ်များ ရေးသားခဲ့တဲ့ မြန်မာ ပညာရှင်များ၊ နိုင်ငံခြား ပညာရှင်များကို ကျေးဇူးတင် ဦးညွှတ်လိုက်ပါတယ်။
နျူမာန် (မိုးတား)

maungmyo said...

အစ်ကိုရေ့စောင့်မျှော်နေတယ်နော် ဒေါင်းဖို့လင့်လေးကို

maungmyo said...

ဒေါင်းဖို့လင့်လေးပေးပါလားဗျာ အရမ်းစမ်းကြည့်ချင်နေပြီး အားလုံးပြီးသွားပြီး
ဆိုရင်ပေါ့

ကိုပခန်း said...

http://astro.technohalo.com/2011/07/motaa-myanmar-horo.html မှာ ဗားရှင်းအသစ်ရှိပါတယ်ခင်ဗျ။ http://youtu.be/GQKSRTEU-h0 မှာ နောင်ဗားရှင်းတွေအတွက် အကြမ်း တပ်ဆင်နေတယ်ခင်ဗျ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။