သူနဲ့ယူရင် ကောင်းမလားဆိုတဲ့ မေးခွန်းနဲ့ မေးလာတတ်ကြပါတယ်။
လောလောဆယ် အပိုင်း(၁) အနေနဲ့ နေ့သားသမီးရွေးပုံလေးကို ရာသီစက်နှစ်ခုတိုက်ဆိုင် စစ်ဆေးပုံလေးနဲ့ စလိုက်ကြတာပေါ့ဗျာ။
ကျားနဲ့မ နှစ်ဦးလုံးအတွက် ဇာတာ တစ်ဆောင်စီဖွဲ့လိုက်ပါခင်ဗျ။
- မထိမ်းမြားသင့်သည်များ

၂။ မလဂ်ရှိရာ ရာသီသည် ကျားလဂ်ရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။ဥပမာ

၃။ ကျားစန်းရှိရာ ရာသီသည် မစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။ဥပမာ

၎။ မစန်းရှိရာ ရာသီသည် ကျားစန်းရှိရာရာသီမှ ဗျာယ(၁၂တန့်) နှင့် မရဏ(၈တန့်)တွင် ရပ်သော် မထိမ်မြားသင့်ပေ။


- ဘယ်လိုဆိုးလို့ ဘာတွေကောင်းကြသလဲဆိုတော့
၂။ ကျားဇာတာ ၂တန့်တွင် မ၏မွေးနံရပ်သော် သြဇာညောင်းကာ စုဆောင်းမိမည်။
၃။ ကျားဇာတာ ၃တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်းကာ ကြိုတင်စီမံနိုင်မည်။
၎။ ကျားဇာတာ ၄တန့်တွင် မ၏မွေးနံရပ်သော် မိန်းမ၏အလိုကိုလိုက်ရသည်။
၅။ ကျားဇာတာ ၅တန့်တွင် မ၏မွေးနံရပ်သော် အမြော်အမြင်ကောင်း၍ အရည်အချင်းနှင့်ပြည်စုံမည်။
၆။ ကျားဇာတာ ၆တန့်တွင် မ၏မွေးနံရပ်သော် တဆူဆူတကျက်ကျက် အိမ်ပူမည်။
၇။ ကျားဇာတာ ၇တန့်တွင် မ၏မွေးနံရပ်သော် အိမ်တွင်းမှုရေးရာ အားကိုးရမည်။
၈။ ကျားဇာတာ ၈တန့်တွင် မ၏မွေးနံရပ်သော် အနိုင်ယူ၍ လိမ်လည်တတ်မည်။
၉။ ကျားဇာတာ ၉တန့်တွင် မ၏မွေးနံရပ်သော် ၀ီရိယကောင်း၍ အိမ်တွင်းရေးနိုင်နင်းမည်။
၁၀။ ကျားဇာတာ ၁၀တန့်တွင် မ၏မွေးနံရပ်သော် အေးငြိမ်းတည်ငြိမ်သောစားဝတ်နေရေးဖြင့် ပြည့်စုံမည်။
၁၁။ ကျားဇာတာ ၁၁တန့်တွင် မ၏မွေးနံရပ်သော် စည်းကမ်းသေ၀ပ်၍ သားသမီးများအားကောင်းစွာ ထိန်းသိမ်းနိုင်မည်။
၁၂။ ကျားဇာတာ ၁၂တန့်တွင် မ၏မွေးနံရပ်သော် ပူဆွေးဗျာပါဒရောက်တတ်သည်။
ဤတွင် မဇာတာမှာလည်း ကျားမွေးနံကြည့်၍ ဟောပြောနိုင်မည်ထင်ပါသည်။ မဘက်မှ ကြည့်လျှင် မကောင်းသော်လည်း ကျားဘက်မှကြည့်၍ ကောင်းပါက လက်ထပ်သင့်ပါကြောင်း မှတ်သားဖူးပါသည်။
စစ်ဆေးနည်းများ များစွာကျန်ပါသေးသည်။
4 comments:
i am not understand ...bwe lo ka sa pi bwe lo tant ya mae so tar ma thi par bu sayar...guide pay par ohn.thank par sayar.
သိမှတ်ဖွယ်ရာကနေ စဖတ်ပါခင်ဗျ။
ဇာတာတိုက်ချင်လို့ ပါရှင်။ link လေးရှိရင်ပြောပြပေးလို့ ရမလား? ကျေးဇူးတင်ပါတယ်ရှင်။
http://1.bp.blogspot.com/-IEeqyYX7Z3M/Tbz1AHv6oeI/AAAAAAAABAI/XGZdb979lmo/s252/logo.bmp မှာ ဒေါင်းပြီး ဇာတာဖွဲ့နိုင်ပါတယ်ခင်ဗျ။
Post a Comment
ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။