ဘာဝစက်မှ ၂လာဂြိုလ်

  • ၂လာ ၁တန့်

အသက် ၁၅နှစ်အရွယ်မှစ၍ ခရီးများစွာသွားရမည်၊ သီလဖြူမည် ဥစ္စာပစ္စည်း၊ ပျော်ရွှင်သုခ၊ ဉာဏ်ပညာ၊ လှပချောမောခြင်း ကံကောင်းခြင်းများရရှိမည်။

  • ၂လာ ၂တန့်

လပြည့်နှင့်နီးသော ရက်များတွင်မွေးက ချမ်းသာကြွယ်ဝ၍ လကွယ်နှင့်နီးသော ရက်များတွင်မွေးက ဆင်းရဲနွမ်းပါးတတ်သည် အခွင့်ကောင်းများကို လက်လွှတ်တတ်သူဖြစ်မည်

  • ၂လာ ၃တန့်

မာနကြီး၍ တွန့်တိုတတ်သည် ကျန်းမာရေးအလွန်ကောင်းတတ်သည် ရိုင်းစိုင်းကြမ်းတမ်းစွာပြုမူတတ်မည်

  • ၂လာ ၄တန့်

ရေထွက်ပစ္စည်းများနှင့်ပတ်သတ်၍ အကျိုးပေးသည် ရတနာသုံးပါးအားဆည်းကပ်ကိုးကွယ်မည် နူးညံသာယာသောပတ်ဝန်းကျင်ရှိမည် ငယ်စဉ်က ချို့တဲ့၍ ကြီးသောခါမှ အမွေဟောင်းများရတတ်သည်။ မိခင်အသက်ရှည်မည်။

  • ၂လာ ၅တန့်

အပျော်အပါးကို ထိန်းချုပ်နိုင်သူဖြစ်မည် ကြည်လင်ရွှင်ပြ၍ ပျော်ရွှင်သောမိသားစုကိုပိုင်ဆိုင်မည်။

  • ၂လာ ၆တန့်

အစာမကြေသောရောဂါရမည် ဒေါသကြီး၍ ရန်သူများတတ်သည် မိသားစုသေးငယ်တတ်သည် ရက်စက်တတ်သည်

  • ၂လာ ရတန့်

မာနကြီး၍ ဂုဏ်မောက်တတ်သည် ခန္ဓာသေးငယ်မည် မိန်းမနိုင်တာခံရတတ်သည် အမျိုးသမီး၀၀ နှင့်ဖူးစာဆုံတတ်သည်

  • ၂လာ ၈တန့်

အနာထူပြောမည် မငြိမ်းချမ်းသော သဘာဝရှိမည် အသက်တိုတတ်သည် ထူးဆန်းအံ့သြဖွယ်ပညာရပ်များကို စိတ်ဝင်စားမည် ငှက်ဖျားရောဂါ မျက်စိရောဂါ မေ့မြောတတ်သောရောဂါများရတတ်သည်

  • ၂လာ ၉တန့်

ရှေးဟောင်းရာဇ၀င်များကို စိတ်ဝင်စားမည် ဘုရားဖူးခရီးများ သွားရတတ်သည် စင်ကြယ်သောစိတ်ရှိမည် ကံကောင်းသည့်တိုင် အတက်အကျများသော လောကဓံကြုံရမည်

  • ၂လာ ၁၀တန့်

အသက်မွေးမှုနှင့် ငွေရေးကြေးရေး အတက်အကျများမည် စိတ်ဆတ်၍ ဒေါသကြီးကာ ရန်သူများတတ်သည် စိတ်ကူးစိတ်သန်းကောင်း၍ ကြီးပွားမည်

  • ၂လာ ၁၁တန့်

ဂုဏ်သိက္ခာမြင့်မား၍ စီးပွားကောင်းမည် စေတနာထက်သန်မည် သမီးများစွာမွေးဖွားရရှိမည် ယဉ်ကားများစွာ ပိုင်ဆိုင်တတ်သည်

  • ၂လာ ၁၂တန့်

ခံစားလွယ်မည် နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင်ရတတ်သည် ခန္ဓာကိုယ်သေးငယ်တတ်သည်

2 comments:

Thet said...

စက် ၃စက် ရှိတဲ့ အထဲမှာ ရာသီစက် က အရေးအပါဆုံး မဟုတ်လား။ ဘာဖြစ်လို့ ဘာဝစက်မှာ ရှိတဲ့ ဂြိုလ်တွေအတွက် အဟောတွေ ရေးပြီး ရာသီစက်အတွက်၊ မရှိတာလဲ။

ကိုပခန်း said...

ရေးထားပါတယ်ခင်ဗျ http://astro.technohalo.com/2008/11/blog-post_22.html ဒီလင့်ကို ၂ လာ ဂြိုဟ်ရဲ့ဒသာလို့ နာမည်တပ်ထားတာပါ တကယ်က ၂ လာ ရာသီစက်မှာ ဘယ်နေရာရှိရင် ဘယ်လိုလို့ ရေးထားတာပါ။ ဂြိုဟ်အားလုံးအတွက် ရာသီစက်မှာ ဘယ်လိုတည်ရင်လို့ ရေးထားပြီးသားပါခင်ဗျ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။