Android ဇာတာဖွဲ့ ပရိုဂရမ် ဒေါင်းလုတ်ရန်

ဒီနေ့မှပဲ https://play.google.com/store/apps ကို မြန်မာကနေ ဒေါင်းလုတ်လုပ်လို့ရပြီသိရတာနဲ့ publish လုပ်တဲ့အပိုင်းဝင်ပြင်တော့ မြန်မာကနေ ၀င်မရသေးတာနဲ့ ဆရာနျူမာန်ကို အကူအညီတောင်းပြီး အသစ်တိုးလာတဲ့ မြန်မာနိုင်ငံကို ၀င်ဖြည့်စေရပါတော့တယ်ခင်ဗျ။

အင်တာနက်ချိတ်ဆက်ထားတဲ့ ဖုန်းကနေ တိုက်ရိုက်ဒေါင်းပုံလေးကို ကိုယ်တိုင်ဒေါင်းရင်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။

Android OS တိုင်းမှာ build-in ပါတဲ့ Market ကနေ ၀င်လိုက်ပါမယ်ခင်ဗျ။

အပေါ်ကပုံမှာ မျှားပြထားသလို search ကနေ အောက်ကပုံလေးအတိုင်း ရှာမယ်ဆိုရင်

အောက်ကပုံလေးအတိုင်း list ကျလာပါမယ်ခင်ဗျ။

MOTAA Horo Lite ကို free version အဖြစ်မြင်နေရပါမယ်ခင်ဗျ။

အပေါ်ကပုံအတိုင်းဆက်နှိပ်မယ်ဆိုရင်




Permission အဖြစ် Phone Location ကိုပဲ ကောဇာတွက်ရာသုံးဖို့ပဲ တောင်းထားတာကို တွေ့ရပါမယ်ခင်ဗျ။ အင်တာနက်ကွန်နက်ရှင်တောင် တောင်းမထားပါခင်ဗျာ။

အပေါ်ကပုံအတိုင်း ဒေါင်းလုတ်ကျပါမယ်ခင်ဗျ။ (နောက်ပိုင်းမှာ ဒီအဆင့်တန်းမကျတတ်ပုံကို ပြောပေးပါဦးမယ်ခင်ဗျ။)

ဒီအဆင့်မှာတော့ ကျွန်တော်တို့ ဒေါင်းပြီး Install လုပ်ပြီးပါပြီခင်ဗျ။




အပေါ်ပုံကတော့ နမူနာဇာတာ တစ်စောင်တွက်ထားတာဖြစ်ပါတယ်ခင်ဗျ။ (480x800 ဆိုဒ်များအတွက် အဆင်ပြေပေမယ့် အခြားဆိုဒ်သေးများမှာ ပုံမကျဖြစ်နေတတ်တာတွေအတွက် နောက်လာမယ့် မြန်မာလို ဗားရှင်းမှာပြင်ပြီးဖြစ်ပါတယ်ခင်ဗျ။ မကြာခင်မှာ update ပေးမှာ ဖြစ်ပါတယ်ခင်ဗျ။)

Update ယူဖို့ Market ထဲဝင်ပြီး အပေါ်ပုံမှာ ပြထားတဲ့ နေရာမှာ Check ပေးထားရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒီနေရာမှာ ဖြစ်တတ်တာလေးတွေ ပြောလိုပါသေးတယ်ခင်ဗျ။
ဖုန်းစအသုံးမှာ ထည့်ခဲ့တဲ့ mail နဲ့ Market ထဲ အ၀င် mail နှစ်ဟာ တူမှ ဒေါင်းလုတ်ရပါမယ်ခင်ဗျ။ တူနေသော်မှလည်း စစသုံးခြင်းမှာ နာရီဝက်ခန့်ကြာအောင် စောင့်နေရတတ်ပါတယ်ခင်ဗျ။ Downloading ပေါ်နေရင်ပဲ စိတ်ရှည်ရှည်စောင့်ရမှာ ဖြစ်ပါတယ်ခင်ဗျ။

ဒေါင်းလုတ်မရပါက အောက်ပါဆိုဘ်မှာ လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
http://www.expertreviews.co.uk/mobile-phones/1280992/android-market-not-downloading-how-to-fix-it

နက္ခတ်ပညာသည် လောကကောင်းကျိုး သည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
24.3.2013

No comments:

Post a Comment

ဒီပိုစ့်နဲ့ ပက်သတ်လို့ ဆွေးနွေးချင်တာရှိရင် သိပါရစေခင်ဗျ။