MOTAA HORO Lite APK download link

Android OS သုံး ဖုန်းများအတွက် MOTAA HORO APK ကို https://play.google.com/store/apps/details?id=motaa.info တွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဖုန်းသုံးသည့် ဒေသစံတော်ချိန် ယူသုံးမည့် Permission သာပါ၍ internet ပင်မလိုဘဲ အသုံးပြုနိုင်အောင် ရေးသားထားပါသည်။

ထို့အတူ MOTAA HORO Lite version ကိုလည်း ဖန်တီးထားပြီးဖြစ်ပါသည်။ ၄င်းတွင် မူလ Paid Version မှ SwissEph Charts နှင့် Dasha အပိုင်းများ ဖျောက်ထားပါသည်။ ထို့ကြောင့် သံဒိဌတစ်လစာနှင့် ဒသာတွက်မပေးနိုင်ပါ။ သို့သော်လည်း ဇာတာဖွဲ့ခြင်းနှင့် ဂြိုဟ်မြင်ယှဉ်များ တွက်ချက်ပေးကာ ယခင်တစ်ကြိမ်မှ Setting ကိုလည်း သိမ်းဆည်းပေးထားမည်ဖြစ်သည်။ ဇာတာများကိုလည်း သိမ်းထားပေးမည်မဟုတ်ပေ။ Paid Version အတွက် Market သို့ညွှန်းထားသည့် လိပ်စာကို ထည့်သွင်းထားသည်။

ဒေါင်းရန်လင့်မှာ
https://play.google.com/store/apps/details?id=motaa.freeversion ဖြစ်သည်။ rating ကောင်းလေးများ ပေးစေလိုပါသည်။ :)

အသုံးပြုပုံအညွှန်း Video မှာအောက်ပါအတိုင်းဖြစ်ပါသည်။

နောက်နောင် ဗားရှင်းများတွင် ယေဘုယျအဟောများ၊ ဂြိုဟ်အပူးအမြင်အဟောများ၊ ဒသာအဟောများ ဖြည့်သွင်းရင်း ၀ယ်ယူအသုံးပြုသူများအတွက် update ပေးသွားမည်ဖြစ်ပါသည်။ ဈေးနှုန်းအနေဖြင့် မြန်မာငွေ ၃၂၀၀ ကျပ်ခန့်သာ ကျသင့်ပါသည်။ အဟောများဖြည့်သွင်းပြီးပါက ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

Program နှင့်ပတ်သတ်သော ဝေဖန် အကြံပြုချက်များအား ကြိုဆိုလျှက်ရှိပါသည်။ zawminminhtun@gmail.com သို့ မေးပို့ကာ အကြုံပြုနိုင်ကြပါသည်။

နက္ခတ်ဗေဒင်ပညာသည် လောကကောင်းကျိုးသည်ပိုးနိုင်ပါစေသတည်း။
ကိုပခန်း
14.7.2012

1 comment:

Thet said...

samsung ststem က android နဲ့ တူသလား ကိုပခန်း။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။