ကြုံရဆုံရ ဗေဒင်သမားဘဝ

ဧည့်သည်: ဗေဒင်မေးလို့ ရလား
ko: အဲ
ကျွန်တော့်မှာ မနက်ဖန်စာမေးပွဲရှိလို့ပါဗျာ
မကြည့်ဖြစ်တာတောင် ကြာပါပေါ့
ဧည့်သည်: စတာပါဗျာ ကျွှန်တော်ကဗေဒင်မယုံလို့ ယုံအောင်လုပ်နည်းသင်ချင်လို့ ပါဗျာ
ko: တိန်
အင်း
တူတူပဲ
ကျွန်တော်လည်း မယုံပါဘူး
ဧည့်သည်: ဟာဟာ...နောက်ဘာလို့ အကောင့်လိုက်ပေးနေတာလဲ
ko: အလို
ဧည့်သည်: လိမ်းစာတာမကောင်းဘာဘူးဗျာ
ko: ဘယ်သူက လိုက်ပေးသတုံး
ဧည့်သည်: ဟဲဟဲ
ko: ဘယ်သူက စားသတုန်း
ဘယ်တုန်းက အခကြေးငွေ ယူတယ်ကြားတုန်း
စောစောစီးစီး လာရိုင်းနေပြီ
ဧည့်သည်: ဒီမှာ
ko: ဒွတ်ခ
မရိုင်းနဲ့
မြန်မာမဟုတ်ဘူးလား
ဧည့်သည်: ဗေဒင်မေးလို့မရရင်စော်တစ်ယောက်လောက်စက်ပေး
ko: မင်း ငါ့အကြောင်း ဘယ်လောက်သိလဲ
ကိုယ့်လူ ဆောရီးကွာ
ဧည့်သည်: ကျွန်တော်ကစပိုင်မဟုတ်ဘူး
ko: ဘလော့ပြီ
ဘာပြောစရာကျန်သေးလဲ
ဧည့်သည်:
ok ok


အထက်က chat record လေးကတော့ ဒီနေ့မနက်ဘဲ chat ဖြစ်တာပါ။ စာမေးပွဲကာလမို့ ဘလော့က cbox လေးတောင်ပိတ်ပြီး တစ်ခါတစ်ရံမှ ၀င်ဖြစ်ပါတယ်။ မနက်ဖန်စာမေးပွဲအတွက် ပြင်ဆင်ရင်းက သတိရလို့ ဘလော့နဲ့ gtalk ကို ဖွင့်လိုက်တော့ တစ်ယောက်တက်လာပြီး အပေါ်က record ထဲကလို ပြောဖြစ်ကြပါတယ်။

ဗေဒင်ကို အင်မတန်ဝါသနာပါပါတယ်။  ဗေဒင်သမားတစ်ယောက်ဖြစ်ရတာကတော့ မသက်သာလှပါဘူး။ ဗေဒင်ကို စတင်ဝါသနာပါစဉ်ကတော့ ကိုယ်ဟောမယ့်လူတစ်ယောက်ကို ထွင်းဖေါက်မြင်ချင်တာ လွှမ်းမိုးချင်တာစတဲ့ မကောင်းတဲ့စေတနာတွေ (တနည်းအားဖြင့် အယုံသွင်းလိုတာတွေ) ပါခဲ့တယ်လို့ ကျွန်တော်ဝန်ခံပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပါ။

နှစ်တွေကြာအသက်တွေကြီးလာတော့ တစ်ခုကို အခိုင်အမာစွဲထင်လာတယ်။ အဲဒါကတော့ လောကဇတ်ခုံကို ကောက်ချက်မှတ်ချက်စွဲနိုင်ဖို့အတွက် ဗေဒင်ဆိုတာ အင်မတန်သေးသိမ်တဲ့ အခန်းကဏ္ဍလေးမှာသာ ရှိနေတယ်ဆိုတာပါပဲ။

ဘယ်အနာဂတ်အဖြစ်အပျက်မှ ကြိုတင်တွက်ချက်စီမံထားပြီး ၁၀၀% သေချာစိငှတယ်လို့ မပြောနိုင်တာပါပဲ။ ကျွန်တော့်အမြင်ကတော့ ဟုတ်ပြီ၊ တခြားလူတွေရောလို့ ဆန်းစစ်ကြည့်ပြန်တော့ ကျွန်တော်က ဗေဒင်ဟောဖူးသူဆိုတော့ မေးလာတဲ့ သူတွေကိုပဲ ပြန်ဆန်းစစ်တာပေါ့လေ။
သူတို့ကရော ဘယ်လိုခံယူချက်နဲ့ မေးကြသလဲ။ ကျွန်တော်က ဘယ်လို တုံ့ပြန်မလဲပေါ့။
ကြုံရဆုံရ ဗေဒင်သမားဘ၀ ပေါ့ဗျာ။


လာမေးသူတွေကို အဖြစ်နိုင်ဆုံး ကြီးစဉ်ငယ်လိုက်စဉ်လိုက်ရင်
၁။ အပူတွေ့လို့
၂။ စမ်းသပ်ချင်လို့ (ဗေဒင်ဆရာရော ပညာရော နှစ်ခုလုံးဖြစ်မှာပါ။)
၃။ အနာဂတ်အတွက်သေချာချင်လို့
၎။ ဘာရယ်မဟုတ်ဘူး ပျင်းလို့၊ စတာတွေ တွေ့ရပါတော့တယ်။

၁။ အပူတွေ့လို့

လူတစ်ယောက်ဟာ တခြားတစ်စိမ်းလူတစ်ယောက် သနားမှာကို သေမတတ်ကြောက်ကြပါတယ်။ ချွင်းချက်အနေနဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို သနားတာမျိုးကို လိုအပ်တာရှိသလို၊ ရလိုမှုနဲ့ အသနားခံချင်သူတွေလည်း ရှိမှာပါ။

ဗေဒင်မေးသူတစ်ယောက်က သူ့အခက်အခဲကို လာတိုင်ပင်စဉ်မှာ ကျွန်တော်အလွန်ပဲအလေးထားမိပါတယ်။ ဗေဒင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေ လက်တွေ့ကြုံရတဲ့ အပူအတွက် ဖြည်ဆည်ရာတစ်ခုလိုအပ်နေတာ အမှန်ပါပဲ။

ခင်ဗျားလောလောဆယ် အပူတွေကြုံမယ်၊ ဘယ်အထိမကောင်းဘူး၊ ဘယ်တော့ပိုဆိုးမယ် ဘာညာနဲ့ ပိုများပြောလိုက်ရင် မှန်သည်ထားဦးတော့ အနိုင်ကျင့်ရာကျသွားပါတယ်။ ဒါကိုပဲ ဆရာက မြင်နေတာ သိနေတာ ဘာညာနဲ့ လူတတ်ကြီးလုပ်ရင် သူ့ခမျာ အပူတွေကြားကနေ ဟုတ်ကဲ့ပါဆရာရယ် ဘာရယ်နဲ့ မချိသွားဖြဲလုပ်ပြနေရရှာပါဦးမယ်။

ဗေဒင်ဆရာကို လူရင်းတစ်ယောက်လို ရင်ဖွင့်ချင်သူတွေလည်းရှိပါသေးတယ်။ လူနည်းစုမိုလို့ သီးသန့်မပြောမိတာပါ။

တစ်ခါက အဖြစ်အပျက်လေးတစ်ခုအကြောင်းပြောပြချင်ပါသေးတယ်။ ၂၀၀၄ ၀န်းကျင်ကပါ။
ရန်ကုန်မှာတည်းစဉ်က အစ်မကြီးတစ်ယောက်ကို ဟောစဉ်ကဆိုပါတော့။ ယောက်ျားဘက်က အမျိုးသမီးငယ်တစ်ယောက်အတွက်စိတ်ညစ်ရမယ်လို့ ပထမအချက်ဟောလိုက်ပါတယ်။ အဲဒီအမက မှန်လိုက်တာ ဆရာရယ်၊ ကျွန်မ ယောင်မပေါ့ဆိုပြီး၊ နှစ်နာရီလောက် ရင်ဖွင့်လိုက်တာ ထမင်းချိန်ရောက်သွားလို့ ထမင်းလေး စားပြီး ပြန်လာခဲ့ရတယ်။

ဒီထက်ရင်ဖွင့်ကြတာက အွန်လိုင်းပေါ်မှ မမများပါ။ သူတို့တွေ ရင်ဖွင့်ကြတာက ဒီလိုပဲ မပြောဘူးအသစ်ရတယ် ဘာဖြစ်တယ် ဆိုပေမယ့်၊ ကျွန်တော့်မှာတော့ မသက်မသာဖြစ်ရပါတယ်။

ပတ်ဝန်းကျင်က လူတွေက ဒီကောင်က မိန်းကလေးမှ ဟောတယ်၊ မိန်းကလေးတွေက ပေါလိုက်တာ အစရှိသဖြင့်ထင်ကုန်ကြပါတယ်။ မိန်းကလေးမှဟောတယ်လို့တော့ ပြောသင့်ပါဘူးဗျာ၊ ကျားနဲ့မ မျှသွားအောင် မမေးတဲ့ ယောက်ျားလေးတွေပါ အနော်လိုက်ဟောပေးရဦးမှာလား။ မိန်းကလေးတွေပေါလောက်တယ်လို့ ထင်သူတွေကိုလည်း gmail နစ်တွေတောင် စီပေးလိုက်ချင်ပါသေးတယ်။ ဒါလေးက ဘယ်နှစ်ယောက်နဲ့ ကွဲထားတာ။ ဒါလေးက အချစ်အတွက် အသက်သေမယ်တဲ့။ သူလေးကတော့ တစ်ခုလပ်။ သူကတော့ အစ်မရည်းစားကို ကြိုက်နေတယ်။ သူလေးကတော့ ရင်းနှီးဖူးတဲ့ ရည်းစားပြစ်သွားသတဲ့။ အဲလိုပြောရလောက်အောင်ပါပဲခင်ဗျ။

ဗေဒင်လာမေးပါတယ်ဆိုမှ ကျွန်တော်ကျွန်မတို့ အချစ်ရေးသာယာလိုက်တာ ရှေ့ရေးကြည့်ပေးပါဦးလို့ မမေးပါဘူး။ တစ်ယောက်ယောက်မှာ သံသယ၀င်မှ ဗေဒင်ကို သတိရတာပါ။ ချွင်းချက်တော့ရှိပါတယ် သူတို့ကိုတော့ အနာဂတ်အတွက် သေချာချင်သူတွေထဲမှာ ထည့်ရပါမယ်။

၁၀၀ မှာ ၁ ယောက်ကတော့ ရည်းစားမရှိပါဘူးရှင် အိမ်ထောင်ဘယ်တော့ကျမလဲလို့ လောနေတဲ့ အပျိုကြီးမမများပါပဲ။ သူတို့ကတော့ အရှက်ကြီးတယ်။ နည်းနည်းတောင်စလို့မရဘူး။ တစ်ခါကကြုံဖူးပါသေးတယ်။ အသက် ၃၅ ကျော်ကျော်အစ်မများက အိမ်ထောင်ရေးကြောင်းမေးလွန်းလို့ "သြော်ဒီအရွယ်ကြီးထိ လိုချင်တုန်းပါလား" လို့ သွားစမိတယ်။ ခုထိတောင် မခေါ်မပြောနိုင်ကြဘူးဖြစ်သွားတယ်ဗျာ။ အဟောမတတ်တော့ ဆဲသလို ဖြစ်သွားတယ်ထင်ပါ့။

လူပျိုကြီးများကတော့ မရှက်ပါ။ ဘယ်တော့ အိမ်ထောင်ကျမလဲ မမေးဘူး ဘယ်တော့လောက် ဆုံဖို့ရှိလဲ၊ ကြည့်ပေးပါဦးနဲ့ ရလေလိုလေ အိုတစ္ဆေတွေဖြစ်လို့နေပါတော့တယ်ခင်ဗျာ။

အပူတွေ့လို့ မေးကြတဲ့ အထက်ပါ ကိုကိုမမများဟာ နှစ်ရှည်လများခင်တွယ်ကြသော မောင်နှမများပဲဖြစ်ကြပါတော့တယ်။

ယတြာလိုချင်ရင် ပေးလိုက်ပါတယ်။ အခကြေးငွေမယူပါ။ ကိုဟောလိုက်တာ မှန်ကြောင်းလေးကိုလည်း သူခိုးရွှေရတပြပြ မလုပ်ဖူးပါ။ ကူညီလိုက်ရတယ်ဆိုရင်ပဲ ကြည်နူးမိပါကြောင်း။ ရလိုမှု တစ်ခုခုကြောင့်စွပ်စွဲရအောင်လည်း နားမည်ရင်းနဲ့ နေရပ်အလုပ်အကိုင်တောင် ပေးသိဖူးသူနည်းပါတယ်။

၂။ စမ်းသပ်ချင်လို့ 
ဒီလူလူမျိုးက ဒုတိယအများဆုံးကြုံတာပါ။
ဒီလိုလူမျိုးအတွက် ကျွန်တော့်အချိန်တွေ နှမြောလှပါတယ်။ အစမ်းသပ်ခံနိုင်လောက်အောင် ခိုင်မာတဲ့ ပညာကို ကျွန်တော်မတတ်ပါ။ နေ့စဉ်လိုလိုဟောပြောနေရလောက်အောင်လည်း လူတွေ့လူကြုံမရှိပါ။ ၀တ်ဖြူစင်ကြယ် သီလတည်တဲ့ သမာဓိသမားလည်းမဟုတ်ပါ။ ဥာဏ်ကောင်းသူလည်းမဟုတ်ပါ။

စမ်းသပ်မှန်းမသိခင်မှာတော့ ရိုးရိုးသားသား ဟောလိုက်ပါတယ်။ သိလိုက်တဲ့ အချိန်မှာတော့ အတော်လေး စိတ်မသက်မသာဖြစ်မိပါတယ်။ အဲဒီဒဏ်တွေမခံချင်လို့ CBOX လေးပိတ်ပြီး အေးအေး ချမ်းချမ်းနေတာပါ။ ပညာရပ်ဆိုင်ရာ ဆွေးနွေးနိုင်အောင်လို့ Gmail လေးထားပေးရာကနေ ဒီနေ့လို လာတိုက်ခိုက်သူက ရှိပါသေးတယ်။

၃။ အနာဂတ်အတွက်သေချာချင်လို့

ဒီလိုလူတွေထဲကတော့ များသောအားဖြင့် မျှတတဲ့ အတွေးရှိသူတွေလို့ ထင်ပါတယ်။ ဗေဒင်ကို ယုံသည်လည်း မဟုတ် မယုံသည်လည်း မဟုတ်သူတွေပါ။ လေးစားဖွယ် အသိဥာဏ်ပညာ အလုပ်အကိုင်ရှိသူတွေဖြစ်ပြီး၊ မေးတဲ့မေးခွန်းများကလည်း အနာဂတ်မှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်မလား၊ ဘယ်ချိန်မှာ ဒီလုပ်ငန်းကြီး အအောင်မြင်ဆုံးဖြစ်မလဲ၊ ဘယ်တော့ လက်ထပ်နိုင်မယ်လို့ မှန်းသလဲ စတာတွေဖြစ်ပါတယ်။

ဥပမာဒီမေးခွန်းသုံးခုကို သုံးသပ်ပြရင် နိုင်ငံရေးခေါင်းဆောင်ဖြစ်မလားမေးသူဟာ နိုင်ငံရေးဗဟုသုတွေ အရေးအသားတွေ အပြောအဆိုမျိုးတွေအပြင် အင်မတန်ညက်ညောတဲ့ အပြောအဆို ယဉ်ကျေးမှုတွေ ဖေါ်ရွေမှုတွေနဲ့ဖြစ်တာကြောင့် ဟောရသူမှာ သြော် ဒီမွေးခွန်းကို သူမေးထိုက်ပါပေတယ်လို့ ကောက်ချက်ဆွဲမိပါတော့တယ်။

ဘယ်ချိန်မှာ ဒီလုပ်ငန်းကြီးအောင်မြင်မလဲ မေးသူရဲ့ အမေးကို ဆန်းစစ်ရင် ဘယ်ချိန်ချမ်းသာမလဲဆိုတဲ့ မေးခွန်းနဲ့ ကွာချင်တိုင်းကွာနေပါတော့တယ်။ ရေရာတဲ့ လုပ်ငန်းနဲ့ ဖြစ်နိုင်ချေကို ဗေဒင်အမြင်က လှမ်းကြည့်ယုံပါပဲ။ ဘာလုပ်ရင်အောင်မြင်မလဲမေးသူမှာ ရွေးစရာလုပ်ငန်းမပါပဲ မေးလာရင်တော့ အတော်ကို မရေရာလှတဲ့ အဖြစ်လို့ တွေးရတော့မှာပါ။ ဒီနှစ်ခုထဲက ဘယ်ဟာသင့်မလဲ ချပြသူကိုတော့ ကျွန်တော်တို့ လေးစားရပါမယ်။

ဘယ်တော့ လက်ထပ်ဖြစ်မလဲ မေးသူတွေမှာ ဘယ်တော့လောက် မှန်းထားပါတယ်လို့ ကာလကိုပါ တွဲပါလာပါတယ်။ ဒီအချိန်မှာ သူနဲ့ယူရင် ကောင်းမလားလို့ မမေးတော့ပါဘူး။ ဗေဒင်ဆရာကလည်း ဒီအချိန်မှာ ယူရင်မသင့်ဘူးလို့ ဖေါက်သီး လုပ်လို့ မဖြစ်နိုင်တော့ပါဘူး။

ဒီလိုလူမျိုးတွေဟာ ဗေဒင်သမားတွေရဲ့ အကြိုက်လည်းဖြစ်မယ်ထင်ပါတယ်။ ပညာရပ်အပေါ်နားလည်ပေးထားတော့ ဟောရသူမှားလည်း လွပ်လပ်ပါတယ်။ ဗေဒင်အမြင်ကို ၁၀၀% လိုက်လျောမယ့်သူတွေ မဟုတ်တာကြောင့် လွဲမှားခဲ့ရင်တောင် အမှားခံအခြေအနေပါ။ မေးသူနဲ့ ဖြေသူကြားမှာ မျှတပါတယ်။

၎။ ဘာရယ်မဟုတ်ဘူး ပျင်းလို့
ဟောမယ့်သူကလည်း ပျင်းပျင်းရှိတုန်းမှာဆိုရင်တော့ အဆင်ပြေပါတယ်။ ပျင်းတဲ့ သူချင်း အပျင်းပြေ ဟောကြပြောတာ ပေါ့ပါးတယ်၊ အပျင်းပြေတယ်။

မေးတဲ့သူက အတည်မေးရင် အတည်ဖြေပေးရသေးတာပဲ ဟောတဲ့ သူက အတည်ဟောတုန်း ထဖေါက်ရင်တော့ အတော်ဂွကျပါတယ်။

လူအထင်သေးခံရမှာကြောက်တာရယ်၊ (အွန်လိုင်းပေါ်မှာဖြစ်စေတော့) နာမည်ပျက်မှာစိုးတာရယ်ကြောင့် အတည်မေးသူကို အပျော်အပျက်မပြောပါ။

မဟောချင်ရင် မဟောချင်ဘူး၊ မအားရင်မအားဘူးပြောပါတယ်။ မယုံလို့ လာမေးတယ်လို့တော့ မလုပ်ပါနဲ့ ယုံအောင်လုပ်ပြဖို့ကို အပျင်းပြေယုံလောက်တောင် စိတ်မပါလို့ပါခင်ဗျာ။

4 comments:

Younggun said...

ကိုပခန်းရေ... အဲဒီလူတွေထဲမှာ ပျင်းလို့ မေးတဲ့ သူတွေကိုတော့ နာရင်းရိုက်ချင်တယ်ဗျာ။ ကိုယ့်ဖာသာ ပျင်းရင် ကလပ်ပဲ တက်တက်၊ ကာရာအိုကေပဲ သွားသွား ကြိုက်တာ လုပ်လို့ရပါတယ်။ မိန်းခလေးဆိုလည်း အတင်းတုတ်ပေါ့ဗျာ။ ဘယ့်နှယ်.. ဗေဒင်ကြည့်တာကိုက အပျင်းပြေဆိုတည်းက ဖနောင့်နဲ့သာ ပေါက်ချင်တော့တာပါပဲ။ ဗေဒင်ပညာကို ဖျော်ဖြေရေးထဲ ထည့်ရမလို ဖြစ်နေတယ်။

Unknown said...

ငါ့အကို သနားပါတယ်။

Oak Soe MMTL said...

ကိုပခန်းရေ... လူတွေကို လိမ်စားတယ်ဆိုတဲ့ ဒေးပစ်ကော်ပါးဖီးလ်တို့ရဲ့ မျက်လှည့်ပညာကိုတောင် လိမ်စားတယ်လို့ ခံယူနေတဲ့လူတွေ ရှိတယ်။ တကယ်က မျက်လှည့်ဟာ ဖျော်ဖြေရေးအနုပညာ တစ်ခုပါ။ ဒီလိုဖျော်ဖြေဖို့အတွက် သူတို့ရဲ့ အချိန်တွေ အတတ်ပညာတွေ ရင်းနှီးပြီး လေ့လာခဲ့ရတာပါ။

ကျွန်တော်တို့ရဲ့ ဗေဒင်ပညာကတော့ ဒီထက်ပိုပါလိမ့်မယ်။ ဖျော်ဖြေရေးလည်း မဟုတ်သလို ဒါဟာ အသက်မွေးမှုတစ်ရပ်အနေနဲ့ တည်ရှိနေတာကိုလည်း လူတွေ နားလည် လက်ခံသင့်အောင် ဘယ်လိုပြောရမယ်ဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူးဗျာ။

တချို့က ဘာသာတရားတွေပါ ချီလာပြီး ငြင်းခုန်ချင်တော့တဲ့ အထိပါပဲ။ အယူမှားတွေလို့လည်း ဆိုကြတဲ့အထိ ကြုံဖူးပါတယ်ဗျာ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နားလည်မှုတွေ ပိုလာ တိုးလာမယ်လို့ မျှော်လင့်ရတာပါပဲဗျာ။

ခင်မင်စွာဖြင့်
အုပ်စိုး

thetmgmg said...

ညီရေ အကိုကတော့ သည်းခံလို့ အဆင်ပြေသလောက် သည်းခံတာပဲ မရရင်တော့ BLOCK တာပဲ ဗေဒင်ရေးတဲ့လူတွေ့တာနဲ့ပဲ လျှက်ဆားသည် တွေ့သလို လက်ဖြန့်တောင်းနေတာ မကောင်းတဲ့သဘောပေါ့ ညီရာ ကောင်းတယ် အကိုလဲ အားပေးတယ် ချသာချ တဖက်လူ အားမအား မစဉ်းစားပဲ ခေါင်းစားတာ အလုပ်မရှိတဲ့လူတွေပဲဖြစ်မှာပေါ့st

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။