အွန်လိုင်းပေါ်မှ ၀ယ်ယူရရှိနိုင်မည့် နက္ခတ်ကျမ်းများ

ဗေဒင်စာအုပ်များကို အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရရှနိုင်မယ့် ဆိုဒ်တစ်ခုကို မမိုးသူ (http://mmtarotlenormand.blogspot.com/) က လက်ဆင့်ကမ်းရာကနေ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။

ဗေဒင်စာအုပ်များကို အောက်ပါလင့်များ ဖေါ်ပြထားပါတယ်ခင်ဗျာ။
http://www.myanmarbookshop.com/MynBookLists.aspx?intCategoryID=3ဝ

ဝယ်ယူရနိုင်မယ့် စာအုပ်စာရင်းတွေထဲက ကျွန်တော်နှစ်သစ်ရာ စာအုပ်တွေရှာမိရာက အားလုံးလိုလို တစုတဝေးတည်း ပါရှိနေတာတွေ့ရပါတယ်။ ၀မ်းနည်းဖို့ကောင်းတာက ကျွန်တော်လိုက်ရှာနေတဲ့ ဘာဝဒီပက (ဆရာဦးမြကြီး) စာအုပ်ကို မတွေ့တာပါပဲ။

ဒီဆရာတွေရဲ့ စာအုပ်တွေကို ဖတ်ဖူးလို့ နှစ်သက်မိပါတယ်ခင်ဗျာ။

Name: နက္ခဗေဒင်ပညာ၏ ဥပဒေသများ (အတွဲ ၅) Author: ဆရာဒဂုန် $2.00 Price:


Name: ဖလိတဒီပကဗေဒင်ကျမ်း Author: ဆရာဦးမြကြီး $1.75 Price:

အနှစ်သက်မိဆုံး လက္ခဏာကျမ်းကတော့
Name: သိပ္ပံလက္ခဏာ စွယ်စုံကျမ်း Author: ဗိုလ်ညွန့်မောင် $4.50 Price:

တို့ဖြစ်ပါတယ်ခင်ဗျာ။ အကယ်၍ ၀ယ်ဖြစ်တယ်ဆိုရင်လည်း နည်းနည်းလောက် လက်တို့ကြပါဦးဗျာ။

လက်ဆင့်ကမ်းတဲ့ မမိုးကို ကျေးဇူးအထူးတင်မိပါကြောင်းခင်ဗျာ။


2 comments:

ဝေသာလီ မောင်ဖုန်း said...

ဟေဟေ့ ဘာဝဒီပကကျမ်း ငါ့မှာရှိတယ်ဟေ့။ ဟေဟေ့။

ကိုဖုန်း

ကိုပခန်း said...

အောင်မလေးဗျာ ကျေးဇူးကြီးလှပါဘိ ကိုယ်တော်ဖုန်းရယ်
ဒီစာအုပ်ကို မန္တလေးမဟာမြတ်မုနိ အရှေ့ဘက်စောင်းတန်းတောင်ဖက်ဖျားက ဆိုင်မှာ copy ကူးထားတာလေး တွေ့ဖူးပါတယ်။ အဲဒီအခါက ဈေးကြီးလို့ မ၀ယ်နိုင်ခဲ့ပါဘူး။
နောက်တစ်ခါငွေစုသွားတော့ မရှိတော့ပါဘူး။
ရန်ကုန်ပန်းဆိုးတန်းမှာလည်း တစ်နေကုန်လိုက်ရှာတယ်။ မတွေ့ပါဘူး။ ဇောတိက စာပေလည်းရောက်တယ်။ မရခဲ့ပါဘူး။ ကိုရန်းဂမ်းကလည်း သူ့မှာရှိတာကို သူများကိုငှားထားတယ်တဲ့။
အစ်ကိုကိုပဲ အပူကပ်ရတော့မယ်။ scan ဖတ်ပြီးညီ့ဆီပို့ပေးမယ်ဆိုရင် ညီိ့လိုလေ့လာချင်သူတွေအတွက် အရမ်းဝမ်းမြောက်စရာပါအစ်ကို။
ညီ မျှော်နေမယ်အစ်ကိုရေ ..
ကိုပခန်း

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။