ဂြိုလ်အားနဲ့ဘာဝအား (၁)

ယုဂ်တွေကို ဆုံးဖြတ်ရာမှာ ဖြစ်ဖြစ်၊ ဂြိုလ်ပူးတွေမှာ ဘယ်သူက အားပိုကောင်းမလဲစဉ်းစားရာမှာဖြစ်ဖြစ်၊ ဘာဝတစ်ခုရဲ့ အားအင်ကိုဆုံးဖြတ်ရာမှာဖြစ်ဖြစ် ဂြိုလ်အားတွေ ဘာဝအားတွေက အရေးကြီးပါတယ်။ ဥပမာဗျာ ဂြိုလ်တွေထဲမှာ အံသာအငယ်ဆုံးဂြိုလ်ဟာ ဇာတာရှင်ရဲ့ အိမ်ထောင်ဖက်ကို ရည်ညွှန်းလေ့ရှိပါတယ်။ သူက ဗုဒ္ဓဟူးဂြိုလ်ဖြစ်တယ်ဆိုပါတော့။ သူ့ရဲ့ အားကိုသိဖို့လိုပါတယ်။ ကိန်းတြိဂေါဏမှာ ရပ်ယုံမျှနဲ့ အားကောင်းလှပြီလို့ မဆိုသာပါဘူး။ တစ်ခါ အိမ်ထောင်ရေးအတွက် ၅ တန့် ၇ တန့်တွေကို စစ်ရပါဦးမယ်။ အိမ်ရှင်ဂြိုလ်လေး ဥစ်မူယုံမျှနဲ့ အားကောင်းလှပါပြီလို့ ပြောလို့ မဖြစ်နိုင်ပါဘူး။ တခြားအကျိုးအပြစ်လိုမျိုး စဉ်စားစရာတွေ ရှိနေပါတယ်။ အဲဒါတွေကို ဆရာဒဂုန်က ၂၁ ချက်ခန့်စစ်ဆေးပြီးဖေါ်ပြထားတာလေး မှတ်သားဖူးပါတယ်။ တတ်အားသ၍ ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ။

၁။ ဂြိုလ်ရပ်တည်မှုအား
ဂြိုလ်တစ်လုံးအတွက် သူရပ်ရာ အိမ်ရဲ့ အိမ်ရှင်နဲ့ယှဉ်ကြည့်လိုက်ပါ။ ဥစ်အိမ်ဖြစ်နေရင် အမှတ် ၁၀၀၊ မူလတြိဂုဏ်းမှာဆို ၈၅.၄၃၊ မိမိကသစ်မှာဆို ၇၁.၂၆၊ မိမိမိတ်မှာဆို ၅၇.၉၊ မိမိဥဒသိန်မှာဆို ၄၂.၅၂၊ မိမိနဲ့ရန်မှာဆို ၂၈.၃၄၊ မိမိနိစ်မှာတော့ ၁၄.၁၇ ဆိုပြီး အမှတ်ကိုရွေးပေးလိုက်ပါ။

မှတ်ချက်။ ။အဲဒီဂြိုလ်ဟာ ပါပဖြစ်နေမယ် ပြီးတော့ ဥစ်၊ မူလတြိဂုဏ်း၊ ကသစ်၊ နိစ် လည်းမဟုတ်ရင် ခုဏအမှတ်တွေတည်းက တစ်ဝက်လျှော့လိုက်ပါ။

ဒါကတော့ နံပတ် (၁)ပါ။ အဲဒီလိုမျိုး ၂၁ ခါစဉ်းစားပေးပါ့မယ်။ ပြီးရင် ရတဲ့အမှတ်တွေကို ပေါင်းမယ် ပျမ်းမျှရှာမယ်ပေါ့ခင်ဗျာ။ ရည်ရွယ်ချက်ကတော့ နောက်ဆုံးရလာမယ့် ဇယားမှာ ဘယ်ဂြိုလ်က အားသာမယ်။ အားရာခိုင်နှုန်းဘယ်လောက်ရမယ်ဆိုတာသိဖို့ပါ။
ကျွန်တော်က နမူနာ ဇာတာတစ်စောင်နဲ့ ကူစဉ်းစားပေးပါ့မယ်ခင်ဗျာ။

ဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျာ။

2 comments:

Unknown said...

ကျေးဇူးပါ...ဆရာလေး

များစွာအသုံးဝင်တာမို့ ဆက်လက်ဖတ်ရှုပါရစေ။

Unknown said...

ကျေးဇူးပါ..ဆရာလေး
တန်ဘိုးရှိတဲ့ အဆိုအမိန့်လေးတွေကို ဆက်လက်
ဖတ်ရှုပါရစေ...

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။