ပညာရေးယုဂ်များ

ဥာဏ်ပညာနဲ့ပတ်သတ်တဲ့ယုဂ်(ပဏ္ဏိတယောဂ)တွေကို ဆရာဦးမြကြီးရဲ့ ဖလိတဒီပကကျမ်းမှ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။

ဘာဝတ္တရတဥာဏကျမ်း အလိုအရ
(၁) ၆ကြာသည် ၄တန့်တွင်ရပ်က ဂီတအနုပညာမှာထွန်းပေါက်ပါမယ်။
(၂) ၄ဟူးသည် ၄တန့်တွင်ရပ်က ဗေဒင်ပညာရပ်မှာ ရပ်မှာထွန်းပေါက်ပါမယ်။
(၃) ၄ဟူးနှင့် ၈ဟုတို့သည် ၅တန့်တွင်ရပ်က ဗေဒင်နှင်အဆိပ်ကုပညာတို့မှာ ထွန်းပေါက်ပါမယ်။
(၄) ၁နွေနှင့် ၄ဟူးတို့ဟာ ၂တန့်မှာတည်က ဗေဒင်ပညာထွန်းပေါက်ပြီး ၄င်းတို့ကို ၀နေမြင်ပါက သင်္ချာပညာပါတော်ပါလိမ့်မယ်။
(၅) ၁နွေနှင့် ၃င်္ဂါတို့ဟာ ၂တန့်မှာတည်က သတ္တဗေဒပညာနှင့်ထွန်းပေါက်ပါမယ်။
(၆) ၀နေ ၁နွေ နဲ့ ၄ဟူးတို့ဟာ ၅တန့်တည်ပါက အတွေးအခေါ်ပညာရှင်ဖြစ်ပါမယ်။
(၇) ၁နွေနှင့် ၄ဟူးတို့ဟာ ကိန်းတြိန(သို့) ၁၁တန့်တည်က သင်္ချာတော်ပါမယ်။
(၈) ၆ကြာသည် ၂တန့်တည်တည်က ကဗျာဆရာဖြစ်ပါမယ်။
(၉) ၈ဟုသည် ၅တန့်တည်က အလွန်ဥာဏ်ရွှင် တက္ခဥာဏ်ကြီးပါမယ်။
(၁၀) ၅တေးသည် ၂ တန့်တည်က ဗေဒင်ပညာရှင် (သို့) ခန့်မှန်းကျွမ်းသူဖြစ်၍ ကသစ်/ဥစ်မှာတွဲပါက ပိုမိုကျွမ်းကျင်ပါမယ်။
(၁၁) ၂တန့်သခင်နှင့် ၅တေးတို့သည် ကိန်းတြိဂေါ ဏတွင်တည်ပါက ပြည်သူ့အသုံးတော်ခံပညာရှင်ဖြစ်ပါမယ်။
(၁၂) ၃င်္ဂါသည် ၂တန့်တည်က ယုတ္တိဗေဒပညာမှာထွန်းပေါက်ပါမယ်။
(၁၃) ၂လာသည် ၂တန့်တည်တော့ ဓမ္မကထိကအကျော်အမော်ဖြစ်ပါမယ်။

ဇာတကတတွကျမ်းအလိုအရ
(၁၄) ၅တန့်အိမ်ရှင်ကိန်းမှာရပ်ပြီး သောမများနှင့်ဆက်သွယ်ပါက တိက္ခဥာဏ်ရှိပါမယ်။
(၁၅) ၄ဟူးနှင့်၆ကြာပူး၍ ၂တန့်(သို့)၃တန့်တည်က ဗေဒင်အဟောထူးချွန်သူ(သို့)ခန့်မှန်းကျွမ်းသူ ဖြစ်ပါမယ်။
(၁၆) ၂လာအိမ်ရှင်အားကောင်း၍ ၁/၄/၅/၇/၉/၁၀ တွင် ၄ဟူးရပ်ကလည်း ဗေဒင်ကျွမ်းကျင်သူဖြစ်ပါမယ်။
(၁၇) ဥစ်မူသော ၅တေးသည် ၂တန့်တွင်ရပ်ကလည်း ခန့်မှန်းပညာရှင်ဖြစ်ပါမယ်။
(၁၈) ၁၀တန့်အိမ်ရှင် လဂ်(သို့) ၁၀တန့်မှာတည်သော် ကဗျာဆရာဖြစ်ပါ့မယ်။
(၁၉) ၅တေး အားကောင်း၍ ၅တေးအိမ်ရှင်အား ၁နွေ ၆ကြာမြင်သော် သဒ္ဒါကျွမ်းကျင်ပါလိမ့်မယ်။
(၂၀) ၅တေးသည် ဂေါပူရအံသာမှာတည်ပြီး သောမမြင်က အကြားအမြင်ပေါက်ပါမယ်။ (ဂေါပူရအံသာကို ဒီနေ့ထိ ကျွန်တော်ရှာဖွေလေ့လာလို့ မရပါ။)
(၂၁) ၁နွေနှင့် ၈ဟုပူးပြီး သောမနဲ့ဆက်သွယ်ကာ အတ္တမာရကန၀င်းစီးသောအိမ်တွင်ရပ်ပါက ဆေးဝါးနှင့်အဆိပ်သုံးသော ဆရာဝန်ဖြစ်ပါမယ်။
(၂၂) ပါပများနိစ်မိပြီး သောမအားကောင်းကာ ကိန်တြိဂေါဏတည်၍ ၄တန့်၊ ၉တန့်၊ ၁၀တန့် အိမ်ရှင်တို့ ၉တန့်(သို့) ၁၀တန့်တွင်ရပ်က ကျော်ကြားကြွယ်ဝ၍ အကြားအမြင်ပေါက်သူဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်ခင်ဗျာ။

တစ်ကိုယ်တည်းနေ ရဟန်းဖြစ်စေသော စွန့်လွှတ်သူယုဂ်များကို ဆက်လက်ဖေါ်ပြပေးပါမယ်ခင်ဗျာ။

4 comments:

su sandy said...

6ကြာတို့ 4တန့် တို့ ဆိုတာမသိလို့ ပါရှင့် ဘယ်လိုတွက်ရတာလဲဟင်..

ကိုပခန်း said...

http://astro.technohalo.com/2010/12/version-20.html မှာရေးပြထားပါတယ်ခင်ဗျာ။

Anonymous said...

ှဆရာကိုပခန်းခင်ဗျာ ၁၀.၆.၂၀၁၀၊မွေးချိန်၃း၂၀၊သာယာဝတီမြို. မှာမွေးပါတယ်၊
downsyndrome ခေါ် ညဏ်ရည်နိမ့် ရောဂါဖြစ်နေပါတယ်၊ ပညာတက်ဖြစ်မဖြစ်
သိချင်လို.ပါ၊

ကိုပခန်း said...

ဇွန်လ ၁၀ ရက် မနက် ၃:၂၀ သာယာဝတီအရ တွက်ချက်လိုက်တဲ့အခါ၊ မွေးစမှ ၇ နှစ်သားအရွယ်ထ သောကြာဒသာစားပါတယ်။ သောကြာဟာ ရာသီအစပ် သုညအင်သာမှာတည်လို့ အားနည်းပြီး၊ ဘာဝအလည်များနှင့်လည်းလည်းဝေးပါတယ်။ အခြားဂြိုဟ်များအကူအယှဉ်မရှိသလို သောကြာကလည်း ဘယ်အတန့်အလယ်ကိုမှ မစိုးမိုးပါ။ ၇ နှစ်သားနောက်ပိုင်းမှာတော့ ကောင်းမယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။ အလုပ်မလုပ်နိုင်စဉ် ငယ်စဉ်ဘ၀မှာ အရေးပါတဲ့ အေးချမ်းမှုမိခင်မေတ္တာစတဲ့ အခြင်းအရာတွေဖေါ်ပြတဲ့ တနင်္လာကိုလည်း ရာဟုက အားကြီးစွာ အံသာနီးနီးမြင်ပါတယ်။ တစ်ဖန် တနင်္လာက အားနည်း ခိဏစန်းလည်း ဖြစ်နေပါသေးတယ်။ အများကြီးမျှော်လင့်လို့ မဖြစ်နိုင်ပါ။ သို့ပါသော်လည်း ဘာဝများအနေနဲ့ ၁ တန့် ၂ တန့် ၇ တန့် ၈ တန့်များ တနင်္ဂနွေတနင်္လာကူပံ့ခြင်းခံရခြင်းများ ရှိသဖြင့် အုပ်ထိန်းသူများက ကူပံ့ထိန်းထားပေးနိုင်မယ်လို့ ယူဆပါကြောင်းခင်ဗျ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။