အိမ်ထောင်ရေးသာယာမသာယာ

အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ အဟောတွေထဲက "ဗေဒင်လင်းရောင်ဦးကျမ်း"မှကောက်နှုတ်ချက်များကို ဦးစွာဖေါ်ပြလိုက်ပါတယ်။
အိမ်ထောင်ရေးကို များသောအားဖြင့် ၇ တန့်ဘာဝကို ကြည့်ပြီှးဆုံးဖြတ်လေ့ရှိပါတယ်။

  • ၇ တန့်ဘာဝကို ပါညှပ်ပါက(ရှေ့နောက်ရာသီတွင် ပါပများတည်က) နုံချာချည့်နဲ့ အားမကိုးရသောအိမ်ထောင်ဖက်ကိုရပါမယ်။
  • ၇ တန့်ဘာဝမှာ ပါပရပ်ရင်တော့ အိမ်ထောင်ပျက်ခြင်း၊ အိမ်ထောင်ဖက် အလွန်များခြင်းတို့ ကြုံတတ်ပါတယ်။
  • ၇ တန့်သခင်ကို ပါပကတ္တရီညှပ်ရင်တော့ အိမ်ထောင်ဖက်ချစ်သူနဲ့ ဝေးပြီး အချစ်ရေးမအောင်မြင်တတ်ပါ။
  • ၇ တန့်သခင်ဟာ ၆ တန့် ၁၂ တန့်ရပ်က အိမ်ထောင်ပျက်ခြင်း၊ အိမ်ထောင်ကျပြီး ခွဲနေရခြင်း၊ တစ်အိမ်တည်းနေသော်လည်း ပေါင်းဖက်၍ မရခြင်း၊ အပျိုကြီးလူပျိုကြီး ဖြစ်တတ်ခြင်းများ ကြုံပါ့မယ်။
  • ၇ တန့်သခင်ဟာ ၆ နဲ့ ၁၂ အိမ်ရှင်တို့နဲ့ ယှဉ်မြင်ဆက်သွယ်ရင်တော့ နောက်အိမ်ထောင်ပြုတာ၊ တင်းတိမ်ရောင့်ရဲမှုမရှိတာ၊ စင်ပြိုင်ထားတာတွေ ကြုံတတ်ပါတယ်တဲ့။
  • ၇ တန့်သခင်ဟာ ရန်အိမ်ရပ် ရန်န၀င်းစီးရင်တော့ အိမ်ထောင်ပြုလိုစိတ်မရှိ ကာမရာဂ နည်းပါးတတ်ပါတယ်။
  • ၇ တန့်သခင်ဟာ ၆ နဲ့ ၁၂ ရပ်ပြီး မိတ်အိမ်မိတ်န၀င်းစီးနေရင်တော့ အိမ်ထောင်ဖက်များပါမယ်။
  • ၇ တန့်သခင်ဟာ ၆ နဲ့ ၁၂ ရပ်ပြီး ဥစ်အိမ် ဥစ်န၀င်းစီးရင်တော့ ဂုဏ်သရေရှိသူတို့နှင့်လက်ဆက်ရပြီး ကြာရှည်စွာ ပေါင်းသင်းခွင့်မရ၊ ပူဆွေးနေရပါမယ်တဲ့။
  • ၆ တန့်နဲ့ ၁၂ တန့်သခင်တွေ ၇ တန့်လာရပ်ပြီး ဥစ်အိမ်ဥစ်န၀င်းစီးရင်တော့ ကုံလုံကြွယ်ဝသူနဲ့ လက်ဆက်ရပြီး မိမိနှင့်ပေါင်းသင်းပြီးမှ အိမ်ထောင်ဖက် အရည်အချင်းဆုတ်ယုတ်လာပါမယ်တဲ့ခင်ဗျ။

အိမ်ထောင်ရေးသာယာစေတဲ့ ယောဂ ယုဂ်အခြေအနေတွေကတော့
  • ၇ တန့်ဘာဝကိုသောမညှပ်ခြင်း၊
  • တြိဂေါဏနဲ့ ကိန်းသခင်တို့ အားကောင်းစွာရပ်တည်ခြင်း၊
  • ၇ တန့်အိမ်ရှင် ၇ တန့်မှ ကိန်းတြိဂေါဏတွင်ရပ်ကာ ကသစ်/ကသစ်န၀င်း ဥစ်/ဥစ်န၀င်း စီးနင်းခြင်း၊
  • ၇ တန့်အိမ်ရှင် မိတ်အိမ်မိတ်န၀င်းရပ်ကာ ၂ လာမှ ဥပစရအိမ်( ၃၊ ၆၊ ၁၀၊ ၁၁ တန့်) တို့တွင်ရပ်ခြင်း၊
  • ၇ တန့်အိမ်ရှင်ဟာ ကောင်းသော ယုဂ်တစ်ခုခုတွင်ဝင်ရောက်ငုတ်လျှိုးခြင်း တို့ဖြစ်ပါတယ်။
သူ့ကို ပထနီသေဠိယုဂ်လို့ ခေါ်ပါတယ်။ အိမ်ထောင်ကျပြီးနောက် ကြီးစွာသော စည်းစိမ်ချမ်းသာပိုင်ဆိုင်မှုကို ညွှန်းပါတယ်ခင်ဗျ။

4 comments:

Unknown said...

သိပ်နားမလည်သလိုပဲဗျ...ထပ်ရှင်းပေးလို့ရမလားမသိဘူးဗျ....skybluevirus2@gmail.com ပါ ခင်ဗျ...

ကိုပခန်း said...

မေးပို့ပြီး မရှင်းပြနိုင်တာကို နားလည်ပေးစေချင်ပါတယ်ခင်ဗျ။ ဒီဘလော့ထဲမှာတော့ အတန့်ဆိုတာဘယ်လိုခေါ်တယ် ဘယ်ပေါ်မူတည်တွက်ရတယ် ဆိုတာတွေ စုံလင်စာ ရေးခဲ့ပြီးပါပြီခင်ဗျ။ MOTAA သင်ခန်းစာများမှာလည်း ဖတ်ရှုနိုင်ပါတယ်။ အစစအရာရာ အဆင်ပြေပါ့စေခင်ဗျ။

ကိုပခန်း

Anonymous said...

ဆရာကိုပခန်းခင်ဗျာ,၇တန်.သခင် စနေက လဂ်မှာလာပူးပြီး ၄တန်.သခင်
သောကြာနဲ.ပူးပြီးပါပကတ္တိရီသင်.နေရင် ဘယ်လိုယူဆမလဲသိချင်ပါတယ်။

ကိုပခန်း said...

ရ တန့်သခင် စနေ လဂ်မှာ ပူးရာမှာ လဂ်နဲ့ ၅ အင်သာအတွင်းပူးမပူးကြည့်ရပါမယ်ခင်ဗျ။ အကယ်၍ ၅ အင်သာအတွင်းနီးရင်တော့ အိမ်ထောင်ပြုနောက်ကျတာမျိုး၊ ငယ်ငယ်ကအသိနဲ့ပြန်လက်ဆက်ရတာမျိုး၊ အမျိုးမကင်းသူ(သို့မဟုတ်)မိမိနဲ့ စရိုက်သဘာဝမကွာသူနဲ့ ဆုံရတာမျိုးတွေဖြစ်တတ်ပါတယ်။ ပါပကတ္တရီဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အံသာအရ နီးကပ်စွာ ကတ္တရီမိတာကိုသာ ထင်ရှားတဲ့ အကျိုးပေးမယ်လို့ ယူဆပါတယ်ခင်ဗျ။ ၄ တန့်သခင် သောကြာပူးရာမှာ ၄ တန့်အလည်ကို အံသာနီးနီးပူးမယ်ဆိုရင် ၄ တန့်ဘာဝဟာ သန့်မယ်ဆိုရင်တော့ ငယ်စဉ်က ချစ်ရေးကြိုက်ရာတွေ များတတ်ပြီး၊ ၄ တန့်ဘာဝ မသန့်ရင်တော့ အချစ်ဦးနဲ့လွဲတတ်ပါမယ်။ သောကြာက အရပ်အတည်ညံ့ရင်တော့ ငယ်စဉ်က မမှားသင့်တာ မှားတတ်ပြီး၊ အရပ်အတည်ကောင်းရင်တော့ သာယာဖွယ်မိသားစုပြည့်စုံတဲ့ မိသားစုကို ပိုင်ဆိုင်ရတတ်ပါတယ်။ အရပ်အတည်ဆိုရာမှာ ရာသီစက် ဘာဝစက် န၀င်း မိတ်ရန် အကုန်ချိန်ညှိမှ ဖြစ်မှာပါခင်ဗျ။ တစ်ကွက်ကောင်းတစ်ချက်ထောက်နဲ့ ဝေဖန်လို့ မသင့်ဘူးလို့ ယူဆပါကြောင်း

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။