ဂြိုလ်တို့ရဲ့ဖေါ်ပြမှုပုံစံ

ဇာတာတွင်း၌ ဂြိုလ်များဟာ မိမိရာသီ၊ မိမိန၀င်းစသည်တို့မှာ အင်အားပြည့်ဝစွာရပ်ပြီး အခြားအမြင်အယှဉ်တို့မရှိပဘဲ လွတ်လပ်စွာတည်ရှိနေမယ်ဆိုရင် ဇာတာရှင်ကို လွှမ်းမိုးမယ့်ပုံစံများကို ထုတ်နှုတ်ဖေါ်ပြရမယ်ဆိုရင်

  • တနင်္ဂနွေဂြိုလ်
လေးထောင့်စပ်စပ်ခန္ဓာကိုယ်၊ ပန်းနုရောင်မျက်လုံး၊ ဆံပင်ကျဲ၊ မွှေးမျှင်နည်း၊ အတည်တကျမနေ လှည့်လည်သွားလာတတ်မယ်၊ လုံလနည်း ဒူးမခိုင်၊ မျက်နှာပွင့်၊ စကားပြောကောင်း၊ ခြေထောက်သန်၊ မျက်စေ့အားနည်း၊ ဆံပင်ကျွတ်၊ ရေငတ်တတ်၊ အပြင်းဖျားတတ်၊ သည်းခြေဖောက်တတ်ပါမယ်။
  • တနင်္လာဂြိုလ်
အရပ်မြင့်၊ ချစ်ခင်စွဲလန်းတတ်၊ ကြင်နာသိမ်မွေ့ ကြည်လင်၊ စည်းရုံးနိုင်၊ လေနှင့်သည်းခြေဖေါက်တတ်၊ လုံးဝန်းသော ဟန်ပန်ရှိ၊ အဖြူရောင်ကိုနှစ်သက်၊ ငယ်သူနှင့်ကြီးသူရောနှောနေဟန်ပေါက်၊ သလိပ်ထူပြော၍ နာကျင်ကိုက်ခဲနေတတ်မယ်။
  • အင်္ဂါဂြိုလ်
စိတ်မငြိမ်၊ နီရဲသောမျက်လုံးများရှိ၊ သည်းခြေထန်တတ်၊ မီးဘေးလက်နက်ဘေးထိတတ်၊ အသံကြမ်း၊ ၀မ်းဗိုက်ပါး၊ ခန္ဓာကိုယ်အဆီနည်းပါး၊ ကွေ့ကောက်သန်စွမ်းသော ဆံပင်ရှိ၊ ပွင့်လင်း၊ ရန်လိုသောမျက်လုံးများနှင့် အရပ်ပုတတ်၊ မကောင်းမြင်ရှိမယ်။
  • ဗုဒ္ဓဟူးဂြိုလ်
မျက်လုံးနက်၊ စီမံရေးကောင်း၊ အရပ်မနိမ့်မမြင့်၊ ပြောင်းလဲတတ်၊ ဗဟုသုတနှင့်ဟာသဉာဏ်ရှိ၊ ကျမ်းဂန်စာပေများတတ်မြောက်၊ သည်းခြေသလိပ်လေ သုံးပါးလုံးနှင့်ဆိုင်၊ အရေပြားကိုလွှမ်းမိုး၍ သွေးပြန်ကြောများနှင့်ပြည့်၊ အချိုးအစားညီသော ခန္ဓာကိုယ်ရှိ၊ အပြောချိုသော်လည်း ထတ်ငေါ့တတ်မယ်။
  • ကြာသာပတေးဂြိုလ်
ခန္ဓာကိုယ်ကြံ့ခိုင်၍ အရပ်မြင့်၊ ကြီးသေးညီသောမျက်လုံးများရှိ၊ ဉာဏ်ပါရမီရင့်သန်၊ စီမံကိန်းကောင်း၊ သည်းခြေထန်၊ စကားပြောကောင်း၊ အ၀ါရောင်ကြိုက်၊ အဆင့်အတန်းမြင့်၊ ခြင်္သေ့နှင့်တူသော အသံရှိ၊ ကျယ်ပြန့်စိမ်းဖန့်သောမျက်လုံးရှိ၊ ခန္ဓာကိုယ်ဝ၍ သီလဖြူစင်မယ်။
  • သောကြာဂြိုလ်
တောက်ပကြည်လင်သန့်ရှင်း၊ ကံကောင်း၊ လေနှင့်သည်းခြေဖေါက်တတ်၊ သဘောထားပြည့်၊ ခန္ဓာကြံ့ခိုင်၊ ဆန့်ကျင်ဘက်လိင်အပေါ်လွှမ်းမိုး၊ မရိုးသားသောမျက်လုံးများရှိ၊ ကာမဂုဏ်ဖေါက်ပြန်တတ်၊ ဉာဏ်ရည်ကောင်းမယ်။
  • စနေဂြိုလ်
မျက်တွင်းနက်၊ ပျင်းရိတတ်၊ ကြွက်သားနှင့်အရွတ်များရှိ၊ ပိန်ပါးသော ခန္ဓာကိုယ်ရှိမယ်

2 comments:

မသက်ဇင် said...

အခုလို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်ရှင်--
ပျော်ရွှင်ပါစေ--

ကိုပခန်း said...

ဖတ်ဖူးတာလေးတွေပြန်ဝေငှတာပါဗျာ။ သိလို့တတ်လို့ရယ်မဟုတ်ပါဘူးဗျာ။ အားပေးမ့ကို ကျေးဇူးတင်ပါတယ်ဗျာ။

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။