- ကျွန်တော်ကို ဗေဒင်ဆရာတစ်ယောက်က ဗေဒင်သုံး program တစ်ခုပေးလာပါတယ် သူကတော့ KP နက္ခတ်ဗေဒင်ပညာ အဆင့်မြင့်စာတမ်းများ စာအုပ်ကိုရေးသားထားပြီး
- ဒီ program လေးက ဒီလိုဖြစ်ပေါ်လာတယ်လို့ပါရှိပါတယ် သုံးထားတဲ့ စနစ်က သူရိယသိဒ္ဓန္တကျမ်းလာ နည်းနိသျှအတိုင်း တွက်တာမဟုတ်ပါဘူး အနောက်တိုင်းစနစ်နဲ့တွက်ပါတယ် ဖေါ်ပြတော့ မြန်မာမှာသုံးတဲ့ နိယာယနစနစ်နဲ့ဖေါ်ပြထားပါတယ် ဒါ့ကြောင့် အယင်က program နဲ့ အနည်းငယ်ပဲကွဲလွဲပါတယ် နောက်ပိုင်းမှာ သုတေသနပြုထားတာတွေပါမယ်ထင်ပါတယ် အဲဒီဆရာကတော့ ဒီ program ကို ပိုနှစ်သက်ပါသတဲ့
- ကျွန်တော်ကတော့ အလွယ်ကြိုက်တဲ့သူမို့လားတော့ မသိဘူးဗျ ပိုမိုစုံလင်လို့ နှစ်ခြိုက်မိပါတယ် ဒီ program လေးကိုသုံးပြီး ဘာတွေ သုံးနှိုင်မလဲ ကြည့်ကြည့်ကြပါစို့
- new တောင်းယင်ပဲပေါ်လာတဲ့ box မှာ ကိုယ့်မွေးဒေသပါလားကြည့်ပြီး ပါယင်လွယ်လွယ်ကူကူနဲ့ ဖွဲ့လိုက်ယုံပါပဲ မပါယင်တော့ အောက်ပါပုံအတိုင်းအသစ်ထည့်နိုင်ပါတယ်
မြို့တည်နေရာကိုဖေါ်ပြခဲ့ပြီးပါပြီ အသစ်ထည့်တာကိုမှတ်ပေးပါလိမ့်မယ် calculate လိုက်ယင်
- ၁။ဘာဝစက်သတ်မှတ်ဖို့အတွက် ဘာဝအလယ်မှတ်(Mitzaမဇ္ဈ)နဲ့ ဘာဝနှစ်ခုကြားအစပ် (Thandiသန္ဒိ)ဇယား
- ၂။(ဂြိုလ်ရပ်ရာသီ Rathi)(ဂြိုလ်ရပ်ဘာဝ Bawa)(ဂြိုလ်ရပ်န၀င်း Nawin)(ဂြိုလ်ရပ်နက္ခတ် Natkhat)(ပုံမှန်သွားခြင်း Normalနဲ့ ပြောင်းပြန်သွားခြင်း Retro)တို့ကိုပြထားတဲ့အပြင် TG=တြိဂေါဏ OK=ဥစ် WA=၀ဂုတ္တမန၀င်း NA=နိစ်န၀င်း တို့ကိုပါပြထားပါသေးတယ်
- ၃။ရာသီစက် ဘာဝစက် န၀င်းစက်တို့ကိုလည်းပြထားပါတယ်
- ၄။ဝိသောတ္တရီဒသာစနစ်ရဲ့ ဒသာဇယား အန္တရဒသာဇယားနဲ့ ပြတ္တန္တရဇယားတွေတွက်ပေးပါတယ်
- ၅။Other ကနေ Ephemeris ကိုသွားယင် ခရစ်နှစ် ၁၈၀၀ နဲ့ ၂၄၀၀ အတွင်း ဂြိုလ်သွားပြက္ခဒိန် တစ်လစာကိုကြည့်နိုင်ပါတယ် ဘယ်အချိန်မှာ ဘယ်ဂြိုလ်ဘယ်နေရာရောက်မယ်ဆိုတာ ကြိုကြည့်နိုင်ပါတယ် ကောဇာတွက်ရာမှာသုံးနိုင်မှာဖြစ်ပါတယ်
မြန်မာနိုင်ငံအတွက် တွက်လိုတဲ့ နှစ်လထည့်ပြီးတွက်နိုင်ပါတယ်
- ၆။Other ကနေ Planet Position ကိုသွားပြီး တွက်လိုတဲ့ဒေသရဲ့ ဂြိုလ်ရပ်ရာကို သိပ္ပံနည်းကျသိနိုင်ပါတယ်
- ဒီဇယားမှာ ပြထားတွေက အနောက်တိုင်းဗေဒင်စနစ် သာယနနဲ့သုံးတဲ့သူတွေ astronomy လေ့လာသူတွေအတွက် ဖြစ်ပါတယ် ကမ္ဘာ့ ၂၃.၅ ဒီဂရီတိမ်းပြီးသားကိုပါ စဉ်းစားထားပါတယ် From the center of earth to sky လို့သတ်မှတ်ပါတယ်
- ရ။Other ကနေ Sun Rise/Set ကိုသွားယင် တွက်လိုရာဒေသရဲ့နေထွက်နဲ့နေ၀င် ချိန်တွေကို တလစာ သိနိုင်ပါတယ်
- ပထမ Sun Rise/Set မှာက နေ၀န်းမျက်နှာပြင်ထိပ်ကို စမြင်စအချိန်နဲ့ နောက်ဆုံးမြင်ရတဲ့အချိန်ဖြစ်ပါတယ် (သူမှာ လေထုနှောင့်ယှက်မှုတွေကြောင့် အလင်းယိုင်မှုတွေပင်နေပါတယ်)
- ဒုတိယ Civil Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၆ ဒီဂရီအကွာမှာနေရှိနေပြီး တောက်ပတဲ့ကြယ်တွေကို မြင်နေရချိန်ဖြစ်ပါတယ်
- တတိယ Natural Twilight မှာက မိုးကုပ်စက်ဝိုင်းအောက် ၁၂ ဒီဂရီမှာ နေရှိနေပြီး မိုးကုပ်စက်ဝိုင်းကို သိပ်မမြင်ရသေးပါဘူး ရောင်နီလာစ အလင်းရောင်ပျောက်ခါစ အချိန်တွေကိုပြပါတယ်
- စတုတ္တ Astrological Twilight ကတော့ မိုးကုပ်စက်ဝိုင်းအောက် ၁၈ ဒီဂရီမှာ နေရှိနေပြီး လုံးဝမှောင်နေတဲ့ အချိန်ဖြစ်ပါတယ်
- (၁.၁၂.၂၀၀၈)နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်းက ပခန်းကြီးဒေသအတွက် မနက် ၅:၁၂ မှာ အမှောင်စပျောက်မယ် ၅:၃၉ မှာ အလင်းရောင်လေးရလာမယ် ရောင်နီလာမယ် ၆:၀၇ မှာ လင်းပေမယ့်ကြယ်တွေကိုမြင်ရမယ် ၆:၃၁ မှာနေကိုစမြင်ရမယ် လို့ဆိုလိုပါတယ်
- ၈။Other ကနေ Dather Division ကိုသွားယင် ၀ိသောတ္တရီဒသာကို အလွယ်တကူခွဲလို့ရအောင် ကိန်းဆင်ထားပါတယ် ဥပမာထပ်ဆင့်ခွဲပြပါ့မယ်
၁.၉.၂၀၈၆ နဲ့ ၂၆.၁.၂၀၈၇ ကြား ၄ဟူးဒသာ ၈ဟုအန္တရ ၀နေပြတ္တန္တရကို ထပ်ခွဲမယ်ဆိုယင်
ပရိုဂရမ်လေးအား ဤတွင်ဒေါင်းပါ။
သို့မဟုတ်
http://ifile.it/2m0i1rz/Winhoro2.0.2%28Myan%20Cities%29.rar
14 comments:
အဲဒီပရိုဂရမ်ကို ဒေါင်းလို့မရပါဘူး၊ ဖိုင် မတွေ့ဘူး ဖြစ်နေပါတယ်။ ဖြစ်နိုင်ရင် ပြန်တင်ပေးပါဦး
ဒီ ပရိုဂရမ်ကို ဒေါင်းလို့မရပါဘူး... ဖြစ်နိုင်မယ်ဆိုရင် ပြန်တင်ပေးပါဦး ကိုပခန်းရေ....
ဟုတ်ကဲ့ ပြန်တင်လိုက်ပါပြီခင်ဗျာ။ အဆင်မပြေရင်ပြောနော်။
လာလည်တာကျေးဇူးပါဗျာ။
ပရိုဂရမ်ကိုဒေါင်းလို့မရဖြစ်နေတယ်၊ကူညီပေးပါဦး။
နောက်...အာယုစန်းနက္ခတ်တွက်တဲ့ပရိုဂရမ်လိုချင်တယ်၊ရှိယင်လမ်းညွှန်ပေးပါ၊ကျေးဇူးတင်ပါတယ်။
ဒေါင်းလို့မရဖြစ်နေတယ်၊ကူညီပေး
ပါဦးနော်။ကျေးဇူးတင်ပါတယ်။
http://ifile.it/p5dzvoj
ဒီကနေတင်ပေးလိုက်ပါတယ်။ အဆင်မပြေရင်ပြောပါခင်ဗျာ။ ဒီလိုမှမရရင် မေးကနေပို့ပေးရမလားခင်ဗျ။ colorlessquartz@gmail.com မှာကျွန်တော်ရှိတတ်ပါတယ်။
နောက်ဆုံးဖိုင် ရာဖိုင်ထိရခဲ့တယ်ဖွင့်လိုက်တော့ ဗိုင်းရပ်စ်တက်လာတယ် အစွမ်းကုန်ကြိုစားပေမဲ့ဖွင့်လို့မရပါ
Indian program တွေမှာအဟောပါ ပါတယ်
http://www.astrowin.org/online_calcs_db/signup_login.php
မှာရ နိင်တယ်
can't open and download the software....
can u pls send to my mail "linminmin02@yahoo.com.sg" thanks :)
ကျွန်တော့ဆီကိုလဲ mail ပို့ပေးပါခင်ဗျား
polarbarli76@gmail.com
I can't download it.
Please upload again on other site,www.ziddu.com.
Thank u.
www.monetine.net
http://www.ziddu.com/download/17768654/Winhoro2.0.2MyanCities.rar.html
ဘယ်လိုမှဒေါင်းလို့ မရပါ။ဘာလိုနေလဲမသိဘူး။ကျေးဇူးပါဆရာ။
အောင်အောင်
taw.pyaw.lay@gmail.com
Thank a lots
Post a Comment
ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။