ဆန်းစစ်ဖူးတဲ့ဇာတာတစ်စောင်

မြန်မာအမျိုးသမီးတစ်ယောက် ကိုပခန်းဆီ 0nline ကနေ အလည်ရောက်လာပါတယ်ခင်ဗျာ ကိစ္စကတော့ ဗေဒင်ပေါ့ဗျာ အမကြီးက ပြောလာပါတယ် ဗေဒင် blog နဲ့ပတ်သတ်လို့ စိတ်ဝင်စားပါတယ် ဗေဒင်ပညာလည်း သင်ယူလိုပါတယ်တဲ့
ခက်တာက ကျွန်တော်မှ ဗေဒင်မတတ်တာဗျာ ဒါ့ကြောင့် သင်ဖို့ငြင်းမယ် မတတ်ဘူးဝန်ခံမယ်ပေါ့ ဒါပေမယ့်ဗျာ အမကြီးက ပြောတဲ့စကားကြောင့် ဆုံးဖြတ်ချက်ကို ပြင်လိုက်ရတယ်ဗျာ ပြောပုံကိုကြည့်လေဗျာ
သမီးများရှိလို့က ဆရာလေးနဲ့ ပေးစားပြီး သမက်တော်ပြီးတောင် ဗေဒင်သင်ချင်ပါသတဲ့ဗျာ

အဲလိုလည်းကြားရော ပျင်းရိလေးတွဲ့နေရာကနေ ခါးများတောင်မတ်သွားတယ်
သမီးတော့ မရှိဘူးဆရာလေးရေ ဆိုလိုက်တော့ ဖြစ်မှဖြစ်ရလေ ကိုပခန်းရယ် လို့ ကိုယ့်ကိုကိုယ်တောင် သနားမိတယ်
ဒါပေမယ့် တူမလေးတွေရှိပါတယ် လို့ဆိုလာတော့မှ သြော်တော်ပါသေးရဲ့လို့ သက်ပြင်းချမိတယ် နောက်တော့ ကောဇာ ၅တေးဂြိုလ်ကြောင်းတွေ ပြောဖြစ်ပါတယ် နောက်တော့လည်း ဇာတာဂြိုလ်စီးဂြိုလ်နင်းတွေ အကြောင်းရောက်သွားရာက ဗေဒင်ဟောဖို့ ပြောတော့ မဟောတတ်ပါဘူးလို့ ငြင်းမထွက်တော့ဘူးဗျာ တူမလေးတွေရှိသကိုး ဆိုသဗျ ဒါနဲ့ပဲ မတောက်တခေါက် ကိုပခန်းတစ်ယောက် ဗေဒင်ဟောဖြစ်ခဲ့ပါတယ်

မွေးချိန်မွေးဒေသလည်း တိကျပါတယ်တဲ့
အောက်မှာပြထားတာက အမကြီးရဲ့ဇာတာပါ

  • ပထမ ရာသီစက်က လဂ်ကိုကြည့်ပါတယ် ဗြိစ္ဆာလဂ်ဖြစ်ပါတယ် လဂ်အိမ်ရှင် ၃င်္ဂါဖြစ်ပြီး ၃င်္ဂါဟာ မိမိအိမ်ကသစ်မှာရပ်ပြီး လဂ်ကိုမြင်ပါတယ် အင်မတန်ရဲရင့်တတ်တဲ့သဘောတွေရှိပါတယ် မိသားစုမှာ အကြီးဆုံးသော်လည်းကောင်းဖြစ်တတ်ပါတယ် ဒီဆက်သွယ်မှုက မိန်းမသားတစ်ယောက်အတွက် စိတ်ဓာတ်ရေးရာ အင်မတန်ပြင်းထန်ပါတယ် လဂ်စီးန၀င်းဟာလည်း ၃င်္ဂါဖြစ်တော့ လဂ်အင်မတန်အားကောင်းပါတယ် ဗြိစ္ဆာလဂ်ရဲ့ အဟောသဘာဝတွေပြောင်မြောက်ပါ့မယ် ဇာတာရှင်ဟာ ဇီဝ(ပိုးမွှားဗြိစ္ဆရာသီ)နဲ့ ဆက်စပ်နေပါတယ် စိတ်လျှော့ဖို့ စိတ်မကြီးဖို့ပြောချင်ပေမယ့် မပြောရဲပါခင်ဗျာ စိတ်ဆိုးသွားမှစိုးသဗျ သူ့စိတ်ထက်မှုလည်းကြောက်ရသေးတာကိုးဗျ
  • ဒီအသက်အရွယ်မှာ အရေးကြီးတာက အိမ်ထောင်ရေးနဲ့ သားသမီးရေးထင်လို့ အိမ်ထောင်ရေးကိုကြည့်ပါတယ် အိမ်ထောင်မှုဘာဝက ၇ တန့်ပါ ၇တန့်အိမ်ရှင်က ၈တန့် မရဏမှာရပ်တယ်ဗျာ အိမ်ထောင်ဖက်နဲ့ အတူမနေရဖို့သေချာသလောက်ပါပဲ ပါပ ၈ဟုနဲ့ပူးနေတော့ နီးတောင်တကျက်ကျက်ပါပဲ မတည့်ဘူးပေါ့ ၇ တန့်မှာရပ်တဲ့ဂြိုလ်နှစ်လုံးက သူရိယဗုဒ္ဓယုဂ်ဗျ သိပ်ကောင်းမွန်ပြီး လဂ်ကိုမြင်နေတော့ ဉာဏ်ပညာပြောင်မြောက်မှု ကျော်ဇောမှု နဲ့ ပညာရေးကောင်းမှုကို ပြပါတယ် ဒါပေမယ့် သူတို့က ၈တန့်နဲ့ ၁၀တန့်အိမ်ရှင်ဗျ ဒီသဘောတွေက မွေးရပ်မှာမကြီးပွားတာနဲ့ ဉာဏ်ပညာကို ပတ်ဝန်းကျင် စားဝတ်နေရေးမှာသုံးနေမှာကိုပြပါတယ် အိမ်ထောင်ရေးဘာဝကို ဘေးတဖက်တချက်မှာ ပါပတွေညှပ်လို့ ဉာဏ်ပညာစွမ်းတွေ စိတ်ဓာတ်အင်အားတွေက အိမ်ထောင်ရေးကို ဖျက်ဆီးပါမယ် မရဏဘာဝမှာအိမ်ရှင်ရပ်တော့ အိမ်ထောင်ဖက်နဲ့ကွဲသလောက်ရှိလို့ အိမ်ထောင်ရေးမကောင်းပါလို့ စဟောပါတယ် အိမ်ထောင်နဲ့ကွဲနေပါတယ်လို့ ပြန်ပြောပါတယ် စိတ်ဓာတ်အင်အား ဉာဏ်ပညာကြီးတဲ့ အမကြီးအတွက် တော်တော့်အိမ်ထောင်ဖက်နဲ့မလွယ်ပါဘူးဗျာပေါ့ဗျာ သားသမီးရေးအတွက် ၅ တန့်ကိုကြည့်ပါတယ် ၂လာဂြိုလ်ရပ်ပါတယ် မိန်းမဂြိုလ်ဖြစ်ပေမယ့် လပြည့်ကျော် ၁၀က ကျားသဘာဝဆောင်နေပါတယ် ၂ လာက ၉တန့်အိမ်ရှင်ဖြစ်တော့ ဇာတာရှင်အတွက် အားကိုးရမယ့်သားသမီးတစ်ယောက်ရှိပါ့မယ်ပြောတော့ သားလေးတစ်ယောက်သာရှိကြောင်းပြောလာပါတယ် သားသမီးဘာဝမှာရပ်တဲ့ ၂ က ၉တန့် အဖ ဘာဝဖြစ်တော့ အားကိုးရတဲ့ အဖကိုရည်ရွယ်သလို သားကိုသခင်အရာ ထားရမယ့်အခြေအနေကို ဖေါ်ပြပါတယ် ငွေဓနပိုင်ဆိုင်မှုအတွက် ၂ တန့်ဘ၀ကိုကြည့်တော့ ရာဟုနဲ့၆ကြာမြင်တယ်ဗျာ ၈တန့်မှာရပ်တဲ့ ၆ကြာက ကုန်ဆုံးစေတတ်တာရယ် ပျက်လွင့်တတ်တဲ့ရာဟုကြောင့် မစုမိကြောင်းပြောတော့လည်း ဟုတ်ပါတယ်ပြောပါတယ် ဒီလိုနဲ့ပဲ အချိန်ကာလတွေကိုက်ပြီး ဒသာကာလတွေဟောပါတယ် ဟောရင်းကနေ သိလာတာတွေက ၀င်ငွေမရှာတဲ့ အိမ်ထောင်ဖက်နဲ့ ဆုံရတာ သူနာပြုအလုပ်နဲ့ အသက်မွေးတာ မိသားစုမှာ အကြီးဆုံးဖြစ်တာ ဘ၀လမ်း အမျိုးမျိုးကြုံခဲ့တာတွေပါလာပါတယ်
  • နိုင်ငံခြားနဲ့ ပတ်သတ်တဲ့ ၁၂ အိမ်ရှင်နဲ့ ဝေးလွင့်ခြင်း ၈ ဟုတို့ မရဏ(ဝေးလွင့်ခြင်း)ဘာဝမှာရပ်တော့ နိုင်ငံခြားမှာပဲ နေတော့မှာလိုလိုပေါ့ အမိမြန်မာပြည်မှာတော့ ဆုံတွေ့ချင်ပါသေးတယ်ဗျာ ဖေါ်ပြခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အမကြီးခင်ဗျာ တူမတွေနာမည်မသိရသေးခင်ထိတော့ ဒီလောက်ပဲဟောဦးမယ်ဗျို့

1 comment:

Unknown said...

ကိုပခန်းရေ...... ကျွန်တော့်လဲ ဟောပေးစမ်းပါဗျာ။ ကျွန်တော့်မှာ နားလေးပြီး လမ်းကောင်းကောင်း မလျှောက်နိုင်လို့ တွဲသွားနေရတဲ့ အတင်းအုပ်တတ်တဲ့ ယေက္ခမကြီး ရှိပါတယ်။ လိပ်စာပေးရင် အိမ်တိုင်ရာရောက်
လာပို့ပေးပါ့မယ်......ဟီးးးးးးးဟီးးးးးးးး စတာပါဗျာ... ကြောက်ပါနဲ့။ ကျွန်တော်က တကောင်ထဲ ဒါပေမယ့် ခြင်္သေ့ပါဗျ...ဟေးးးဟေးးးးး

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။