ရဟန်းဖြစ်စေသောယုဂ်များ

ငါတော့ အသက်ကြီးရင် မိသားစုနဲ့ခွဲပြီး ရဟန်းဝတ်မယ် တောထွက်မယ်ရယ်လို့ အစ်ကိုအစ်မများ တခါတရံ ကြံစည်မိမယ်ထင်ပါတယ်ဗျာ။ တစ်ချို့လည်းမေးတတ်ပါတယ်။ တောထွက်ဖို့များ ဇာတာမှာပါလားတဲ့။ ရဟန်းဖြစ်စေတဲ့ ပဗ္ဗဇ္ဇယုဂ်များကို ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။

ဇာတကကတွကျမ်းအလိုအရ
(၁) ဂြိုလ်လေးလုံးပူးခြင်း
(၂) ၂လာသည် ၀တြင်း(သို့) နိစ်န၀င်း(သို့) ၃င်္ဂါန၀င်းစီးပြီး ၀နေအမြင်ခံရခြင်း။
(၃) ရဟန်းယုဂ်များမှာ လဂ်သခင်နှင့် ၀နေအားနည်းက လူထွက်တတ်ပါတယ်။
(၄) အတ္တမာရက န၀င်းစီးရာရာသီ၌ ကိတ်တည်၍ ၀နေမြင်ခြင်း။
(၅) ၅တေးနှင့် ၆ကြာတို့ ၁တန့်နှင့် ၄တန့်တို့တွင်ရပ်တည်ခြင်း။
(၆) ၂လာ ၅တေး လဂ်တို့အား ၀နေမြင်ပြီး ၅တေး ၉တန့်၌တည်က တရားဓမ္မပြည့်ဝသောရဟန်းမြတ်ဖြစ်ပါမယ်တဲ့ခင်ဗျ။

ဇာတကပါရိဇာတကျမ်းအလိုအရ
(၇) မိန်သည် ၁၀တန့်ဘာဝဖြစ်၍ ၄ဟူးနှင့် ၃င်္ဂါတို့ကမြင်လျှင်၊
(၈) ၁၀တန့်နှင့် ၉တန့်တို့တွင် သောမရပ်ပြီး ထို ၁၀တန့် ၉တန့်တို့အိမ်ရှင် ၅တေးဖြစ်ကာ လဂ်သခင်အားကောင်းလျှင် ရဟန်းမျိုးမှ သွေးစီးဆင်းသူဖြစ်ပါမယ်။
(၉) ၀နေ(သို့) လဂ်သည် ၂လာရပ်သောအိမ်ရှင်အားမြင်လျှင် အလှူခံ၍သာသနာပြုသူဖြစ်ပါမယ်။
(၁၀) ၂လာသည် ၃င်္ဂါအိမ်၌တည်၍ ၀နေတြင်းစီး ၀နေမြင်ခံရခြင်း။
(၁၁) လဂ်သည် ၃င်္ဂါ ၅တေး ၀နေပိုင်ရာသီတစ်ခုတွင်ရပ်၍ ၀မြင်ကာ ၅တေး ၉တန့်တွင်ရပ်ခြင်း။
(၁၂) ၂လာသည် ၉တန့်တွင် မည်သည့်ဂြိုလ်မျှ အမြင်မခံရပါက ရဟန်းတို့၏အကြီးအကဲဖြစ်ခြင်း။
(၁၃) ၅တေးနှင့် ၂လာကို ၀နေမြင်၍ ၅တန့် ၉တန့်တို့တွင် ရပ်က ဘာသာရေးပညာရှင်ဖြစ်ခြင်း။
(၁၄) ၀နေသည် ၉တန့်တွင်ရပ်ကာ မည်သည့်ဂြိုလ်မျှ အမြင်မခံရပါက မိမိဖာသာတစ်ဦးတည်းသာသနာပြုမည့်ရဟန်းဖြစ်ပါမယ်။
(၁၅) ၆ကြာ ၁နွေ ၃င်္ဂါ ၀နေ တို့သည်လည်းကောင်း၊ ၅တေး ၃င်္ဂါ ၁နွေ ၀နေ တို့သည်လည်းကောင်း၊ ၃င်္ဂါ ၂လာ ၅တေး ၀နေ တို့သည်လည်းကောင်း အတွဲလိုက်အားကောင်းကာ သမရာသီ၌တည်ခြင်း။
(၁၆) ၁၀တန့်အိမ်ရှင်သည် ကိန်းတြိဂေါဏတွင် အခြားဂြိုလ်လေးခုနှင့်ပူးယှဉ်က သံသရာမှ လွတ်ရန်အထူး ကြိုးစားသောရဟန်းဖြစ်ပါမယ်။ အထူးသဖြင့် ၁၀ တန့်မှာတည်ပါက ဗေဒင်ပညာပါ အထူးတတ်မြောက်ပါလိမ့်မယ်ခင်ဗျာ။
(၁၇) လဂ်သခင်သည် ၀နေတစ်လုံးတည်းသာမြင်ခြင်း။ (သို့) ၀နေသည် အားနည်းသောလဂ်ကိုမြင်ခြင်း။
(၁၈) ပဗ္ဗဇ္ဇယုဂ်ကိုပေးသော ဂြိုလ်တို့အား နေရောင်ဖုံးခြင်း၊ အတ္တမိခြင်း၊ စစ်ရူံးခြင်း၊ မကောင်းသော အခြားဂြိုလ်များမြင်ပါက ရဟန်းပြုခွင့်မရပါချေ။

နာမည်ကျော်ကြား ဂုဏ်မြင့်စားစေသည့် ယုဂ်များကို ဆက်လက်ဖေါ်ပြပေးပါမယ်ခင်ဗျာ။

No comments:

Post a Comment

ဒီpostနဲ့ပတ်သတ်လို့ ပြောချင်တာရှိရင် ပြောခဲ့ဖို့ပါဗျာ။